Connect with us

Hi, what are you looking for?

News

ရေဦးတွင် စပါးရိတ်စက်လုပ်ငန်းလုပ်ကိုင်သူများမလာရဲ၍ ​​တောင်သူများအခက်​တွေ့

” ရိတ်စက်တွေက မလာရဲကြဘူး။ တောင်သူတွေ အခက်ကြုံနေကြရတယ်။ စပါးတွေက မှည့်လှပြီ။ လက်ရိတ်ပဲ အားကိုးနေကြရတာ။ စက်မရှိတော့ တောင်သူတွေ တအားဒုက္ခရောက်ကြတယ်။” ဟု ရေဦးနယ်ခံတစ်ဦးက ပြောသည်။

(စပါးရိတ်စက်သုံးကာရိတ်သိမ်းနေသောတောင်သူလုပ်ငန်းခွင်တစ်ခု)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စပါးရိတ်စက်လုပ်ငန်းလုပ်ကိုင်သူများ မလာရဲ၍ တောင်သူများ စပါးရိတ်သိမ်းရာတွင် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

လက်တလောဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများနှင့် ပစ်ခတ်မှုများကြောင့် စပါးရိတ်စက်လုပ်သူများ မလာရဲ၍ တောင်သူများအခက်အခဲတွေ့ကြုံနေရကြောင်းဒေသခံများကပြောသည်။

” ရိတ်စက်တွေက မလာရဲကြဘူး။ တောင်သူတွေ အခက်ကြုံနေကြရတယ်။ စပါးတွေက မှည့်လှပြီ။ လက်ရိတ်ပဲ အားကိုးနေကြရတာ။ စက်မရှိတော့ တောင်သူတွေ တအားဒုက္ခရောက်ကြတယ်။” ဟု ရေဦးနယ်ခံတစ်ဦးက ပြောသည်။

နယ်မြေဒေသမလုံခြုံခြင်း၊ စက်သုံးဆီစျေးနူန်းမြင့်တက်ခြင်းများကြောင့် စပါးရိတ်စက်ငှားရမ်းခမှာ ယခင်နှစ်က တစ်ဧက ၅၅၀၀၀ ဝန်းကျင်မှ ယခုနှစ်တွင် တစ်ဧက ၇၅၀၀၀ ခန့်အထိ စျေးပေါက်နေကြောင်း၊ စျေးမြင့်နေသော်လည်း လိုသလောက်ပင်မရကြောင်း ဒေသခံများက ​ပြောကြားသည်။

Public Service Announcement

Public Service Announcement

စပါးရိတ်စက်ငှားရမ်းခများစျေးကြီးနေသည့်အတွက် ရိတ်စက်ပိုင်ရှင်များအနေဖြင့်လည်းဈေးနှုန်းမြှင့်တင်ခြင်းမလုပ်ဘဲ စာနာမှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးပါရန် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

စပါးရိတ်ကြမည့်တောင်သူများကိုလည်း လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်ရေး ထူးခြားဒေသ (သို့) ထူးခြားဖြစ်စဉ် မရှိသော နေရာများ ပုံမှန်အတိုင်းရိတ်သိမ်းရန်၊ ကားလမ်းမကြီးဘေးကပ်လျက်_လယ်မြေများ ည (၇) နာရီအထိ ရိတ်ရန်၊ ပုံမှန်ထက်ကျယ်သော အသံမထွက်စေရန်အတွက် အိတ်ဇောများကို ဂရုစိုက်ပေးရန် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါးရိတ်သိမ်းရာ၌ လုံခြုံစိတ်ချစွာရိတ်သိမ်းနိုင်ရန် အကူအညီပေးဖို့ အကြမ်းဖက်စစ်ကောင်စီအား ဆရာတော်သံဃာတော်များက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ဝင်ရောက်စီးနင်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေဦးမြို့နယ် ရေမျက်ရွာကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ပြည်သူအချို့သေဆုံးထိခိုက်မှုများရှိကာ ဒေသခံရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

ဆောင်းပါး

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းကာလအတွင်း စိုက်ပျိုးရေးလုပ်ကြတဲ့ဒေသတွေမှာပါ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့သလို စစ်တပ်​လုပ်မယ်ဆိုတဲ့ရွေး​ကောက်ပွဲနီးလာချိန်မှာလည်းလုပ်နေဆဲပါ။