Connect with us

Hi, what are you looking for?

News

‘ပျံလွှားအောင်’စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့နယ်လေးခုတွင် စစ်ရေးအရတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုများကို သုံးခွ၊ စမ်းချောင်း၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ရဲနှင့် စစ်သား ငါးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘ပျံလွှားအောင်’စစ်ဆင်ရေး၏အစိပ်အပိုင်းအဖြစ် ရန်ကုန်တိုင်း မြို့နယ်လေးခုတွင် စစ်ရေးအရ တုန့်ပြန် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ ယနေ့(ဒီဇင်ဘာ ၂၂)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို သုံးခွ၊ စမ်းချောင်း၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ရဲနှင့် စစ်သား ငါးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးခွ

ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က သုံးခွမြို့နယ်သို့ရောက်ရှိလာသော စစ်ကောင်စီယာဥ်တန်းကို အဝေးထိန်းမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို Thongwa Youth Force နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စစ်ဒေသခွဲ့က ထုတ်ပြန်သည်။

စမ်းချောင်း

ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က စမ်းချောင်းမြို့နယ် မုန်လက်ဆောင်းတောင်ရပ်ကွက်ရုံးအား မိုင်းပစ်တိုက်ခိုက်ခဲ့သည်။

အဆိုပါရုံးသည် စစ်ကောင်စီတပ်များ အခြေပြုလှုပ်ရှားသွားလာသည့်ရုံးဖြစ်ပြီး ယင်းရုံးကို ဗမာ့လူငယ်ကွန်ရက်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဒဂုံအရှေ့

ဒီဇင်ဘာ ၂၁ ရက်နေ့ည ၇ ခွဲခန့်တွင် ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းမကြီးပေါ် ရှေ့ထွက်မိုင်းတစ်လုံး ဖောက်ခွဲခဲ့ပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီတပ်များအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရန်သူ့စစ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dictator Revolt Front (DRF) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒဂုံဆိပ်ကမ်း

ဒီဇင်ဘာ ၂၂ ရက်(ယနေ့) နံနက် ၅နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးလမ်းမကြီးပေါ်ရှိ ဒဂုံဆိပ်ကမ်း ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲသုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် CGF-HTY နှင့် Yangon Federal Army (YFA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။