Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်လက်နက်ကိုင်သုံးဖွဲ့ KNUနှင့် ပြန်လက်တွဲပြီး တော်လှန်ရေးပါဝင်ရန် ကရင်လူငယ်များဆန္ဒထုတ်ဖော်

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် လူငယ်များက ကရင်လက်နက်ကိုင် ၄ဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ကရင်လက်နက်ကိုင်အဖွဲ့အဖြစ် ဖော်ဆောင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF) တို့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရန်အတွက် မိခင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ပြန်လည်လက်တွဲကာ ဘုံရန်သူကို ညီညီညွတ်ညွတ် တိုက်ထုတ်ပေးရန် ကရင်လူငယ်များ က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ကရင်သတင်းဌာန KICက ယနေ့ ဖော်ပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် လူငယ်များက ကရင်လက်နက်ကိုင် ၄ဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ကရင်လက်နက်ကိုင်အဖွဲ့အဖြစ် ဖော်ဆောင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ကရင်လူငယ်များသည် “We Want Karen EAOs to Unite ၊There is only one enemy For us၊ Justice For Karen People၊ အိမ်ကြက်အချင်းချင်း ခွပ်တာလောက် အိမ်နာတာမရိဘူး၊ ကရင်ပြည်နယ် ငြိမ်းချမ်းဖို့ ကရင်လက်နက်ကိုင်များ စည်းလုံးစို့” စသည့် စာသားများရေးသာထားသည့် စာရွက်များ ကိုင်ဆောင်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထို့ပြင် “ဒို့သွေးချင်းတွေဘေးကင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်တို့ စည်းလုံးစို့ ၊ နေထိုင်ရာ အရပ်ဒေသနဲ့ ဘာသာတရား ကွဲလို့ရတယ်။ စိတ်ဝမ်းတော့ ကွဲလို့မရဘူး၊” စသည်အချက်တို့ကိုလည်း ဆန္ဒထုတ်ဖော်မှုတွင် တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကရင်ပြည်နယ် အပါအဝင် KNU ထိန်းချုပ်နယ်မြေများ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။