Connect with us

Hi, what are you looking for?

News

ကရင်လက်နက်ကိုင်သုံးဖွဲ့ KNUနှင့် ပြန်လက်တွဲပြီး တော်လှန်ရေးပါဝင်ရန် ကရင်လူငယ်များဆန္ဒထုတ်ဖော်

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် လူငယ်များက ကရင်လက်နက်ကိုင် ၄ဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ကရင်လက်နက်ကိုင်အဖွဲ့အဖြစ် ဖော်ဆောင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF) တို့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရန်အတွက် မိခင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ပြန်လည်လက်တွဲကာ ဘုံရန်သူကို ညီညီညွတ်ညွတ် တိုက်ထုတ်ပေးရန် ကရင်လူငယ်များ က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ကရင်သတင်းဌာန KICက ယနေ့ ဖော်ပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် လူငယ်များက ကရင်လက်နက်ကိုင် ၄ဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ကရင်လက်နက်ကိုင်အဖွဲ့အဖြစ် ဖော်ဆောင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ကရင်လူငယ်များသည် “We Want Karen EAOs to Unite ၊There is only one enemy For us၊ Justice For Karen People၊ အိမ်ကြက်အချင်းချင်း ခွပ်တာလောက် အိမ်နာတာမရိဘူး၊ ကရင်ပြည်နယ် ငြိမ်းချမ်းဖို့ ကရင်လက်နက်ကိုင်များ စည်းလုံးစို့” စသည့် စာသားများရေးသာထားသည့် စာရွက်များ ကိုင်ဆောင်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထို့ပြင် “ဒို့သွေးချင်းတွေဘေးကင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်တို့ စည်းလုံးစို့ ၊ နေထိုင်ရာ အရပ်ဒေသနဲ့ ဘာသာတရား ကွဲလို့ရတယ်။ စိတ်ဝမ်းတော့ ကွဲလို့မရဘူး၊” စသည်အချက်တို့ကိုလည်း ဆန္ဒထုတ်ဖော်မှုတွင် တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကရင်ပြည်နယ် အပါအဝင် KNU ထိန်းချုပ်နယ်မြေများ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။