Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများအား ဖိအားပေးအလုပ်ထုတ်နေသည့် CB ဘဏ် ဗုံးထောင် သတိပေးခံရ

“CB Bank ရှိတာဝန်ရှိ လူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ၂၃ရက်နေ့တွင် ကျွန်ုပ်တို့ B.F.R.A.F အဖွဲ့သည် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center ရှိ CB Bank အားမိုင်း ထောင်ခဲ့ပါသည်။ သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှုကိုတော့ မလုပ်ဆောင်ခဲ့ပါ”ဟု B.F.R.A.F အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဝန်ထမ်းများအား ဖိအားပေး အလုပ်မှ ထုတ်ပယ်ခြင်း များပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ CB ဘဏ်ကို သတိပေးသည့်အနေဖြင့် ယနေ့(ဒီဇင်ဘာ ၂၃ ရက်)က ဗုံးထောင်သတိပေးခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(B.F.R.A.F)က သတင်းထုတ်ပြန်သည်။

“CB Bank ရှိတာဝန်ရှိ လူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ၂၃ရက်နေ့တွင် ကျွန်ုပ်တို့ B.F.R.A.F အဖွဲ့သည် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center ရှိ CB Bank အားမိုင်း ထောင်ခဲ့ပါသည်။ သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှုကိုတော့ မလုပ်ဆောင်ခဲ့ပါ”ဟု B.F.R.A.F အဖွဲ့က သတင်းထုတ်ပြန်သည်။

CB ဘဏ်အနေဖြင့် CDM ပြုလုပ်သည့် ဘဏ်ဝန်ထမ်းများကို အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ရန် ဖိအားပေးခြင်း ၊ ခွင့်မဲ့ပျက်ကွက်သည့်အကြောင်းပြချက်ဖြင့် အလုပ်မှထုတ်ပယ်ခြင်း ၊ အလုပ်မှထုတ်ပယ်ရာတွင်လည်း တရားဝင် စာဖြင့်မဟုတ်ဘဲ ဖုန်းဖြင့်သာပြောဆိုခြင်း ၊ ဝန်ထမ်းချေးငွေယူထားသူများကို ငွေအကြေပေးရန်နှင့်မပေးပါက တရားစွဲဆိုမည်ဆိုသည့် သတိပေးစာများပို့ခြင်း စသည့်တို့ကို ဖိအားပေးလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကို အားပေးထောက်ခံ သည့်သဘော ဖြစ်နေသောကြောင့် သတိပေးခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေပါက CB ဘဏ်ရှိ သက်ဆိုင်ရာ လူကြီးများကို နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့ဘက်မှ လုပ်စရာရှိသည်များဆက်လက်လုပ်ဆောင်မည်ဟု B.F.R.A.F အဖွဲ့က ထပ်မံထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။