Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ဝန်ထမ်းများအား ဖိအားပေးအလုပ်ထုတ်နေသည့် CB ဘဏ် ဗုံးထောင် သတိပေးခံရ

“CB Bank ရှိတာဝန်ရှိ လူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ၂၃ရက်နေ့တွင် ကျွန်ုပ်တို့ B.F.R.A.F အဖွဲ့သည် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center ရှိ CB Bank အားမိုင်း ထောင်ခဲ့ပါသည်။ သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှုကိုတော့ မလုပ်ဆောင်ခဲ့ပါ”ဟု B.F.R.A.F အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဝန်ထမ်းများအား ဖိအားပေး အလုပ်မှ ထုတ်ပယ်ခြင်း များပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ CB ဘဏ်ကို သတိပေးသည့်အနေဖြင့် ယနေ့(ဒီဇင်ဘာ ၂၃ ရက်)က ဗုံးထောင်သတိပေးခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(B.F.R.A.F)က သတင်းထုတ်ပြန်သည်။

“CB Bank ရှိတာဝန်ရှိ လူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ၂၃ရက်နေ့တွင် ကျွန်ုပ်တို့ B.F.R.A.F အဖွဲ့သည် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center ရှိ CB Bank အားမိုင်း ထောင်ခဲ့ပါသည်။ သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှုကိုတော့ မလုပ်ဆောင်ခဲ့ပါ”ဟု B.F.R.A.F အဖွဲ့က သတင်းထုတ်ပြန်သည်။

CB ဘဏ်အနေဖြင့် CDM ပြုလုပ်သည့် ဘဏ်ဝန်ထမ်းများကို အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ရန် ဖိအားပေးခြင်း ၊ ခွင့်မဲ့ပျက်ကွက်သည့်အကြောင်းပြချက်ဖြင့် အလုပ်မှထုတ်ပယ်ခြင်း ၊ အလုပ်မှထုတ်ပယ်ရာတွင်လည်း တရားဝင် စာဖြင့်မဟုတ်ဘဲ ဖုန်းဖြင့်သာပြောဆိုခြင်း ၊ ဝန်ထမ်းချေးငွေယူထားသူများကို ငွေအကြေပေးရန်နှင့်မပေးပါက တရားစွဲဆိုမည်ဆိုသည့် သတိပေးစာများပို့ခြင်း စသည့်တို့ကို ဖိအားပေးလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကို အားပေးထောက်ခံ သည့်သဘော ဖြစ်နေသောကြောင့် သတိပေးခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေပါက CB ဘဏ်ရှိ သက်ဆိုင်ရာ လူကြီးများကို နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့ဘက်မှ လုပ်စရာရှိသည်များဆက်လက်လုပ်ဆောင်မည်ဟု B.F.R.A.F အဖွဲ့က ထပ်မံထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။