Connect with us

Hi, what are you looking for?

News

CDM မပြုလုပ်ဘဲ အခွန်ကောက်နေသည့် သာကေတစည်ပင်ရုံး ဖောက်ခွဲ သတိပေးခံရ

“ နှစ်လုံးထောင်တာ ၊ တစ်လုံးပဲ ပွင့်သွားတယ်။ နောက်တစ်လုံးပွင့်ရင် စစ်ခွေးတွေ ငရဲပို့ခွင့်ရမှာ။ ကံမကောင်းစွာနဲ့ မပွင့်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

People's Spring
People's Spring

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မပြုလုပ်ဘဲ ပြည်သူလူထုထံ အခွန်ကောက်နေသော အစိုးရ ဝန်ထမ်းများအား သတိပေးသည့်အနေဖြင့် သာကေတမြို့နယ်ရှိ စည်ပင်ရုံးကို ဖောက်ခွဲခဲ့ကြောင်း ဗမာ့ နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F) က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၅ ရက်) နံနက် ၅နာရီကျော်တွင် သာကေတမြို့နယ် (၅)ရပ်ကွက် မြင်တော်သာလမ်းမ မြကန်သာပန်းခြံဘေးရှိ စည်ပင်ရုံးကို ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး သတိပေးခြင်းဖြစ်သောကြောင့် ပြည်သူများ ထိခိုက်မှူမရှိစေရန်ဖောက်ခွဲခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ နှစ်လုံးထောင်တာ ၊ တစ်လုံးပဲ ပွင့်သွားတယ်။ နောက်တစ်လုံးပွင့်ရင် စစ်ခွေးတွေ ငရဲပို့ခွင့်ရမှာ။ ကံမကောင်းစွာနဲ့ မပွင့်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။

သတိပေးသည့် ကြားမှ ပြည်သူများကို အခွန်ကောက်၍ အာဏာရှင်များသက်ဆိုးရှည်အောင် ဆက်လက် ထောက်ပံ့နေပါက ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ သုတ်သင်ရှင်းလင်းမည်ဟု B.F.R.A.F အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ကလည်း B.F.R.A.F သည် CDM ဝန်ထမ်းများကို ဖိအားပေးနေသည့် ရန်ကုန်မြို့ရှိ CB ဘဏ်ကို ဗုံးထောင်၍ သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။