Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ပြည်သူ ၃၈ဦးကိုမီးရှိုသတ်ဖြတ်မှုတွင် Save The Children ဝန်ထမ်း ၂ ဦး​ပျောက်ဆုံး​နေပြီးကားမီးရှို့ခံထားရဟု ထုတ်ပြန်

အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မူကြောင့်က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက် မနည်း မီးရှို့သတ်ဖြတ်ခံရမူကို ပြစ်တင်ရှုပ်ချသည်ဟုလည်း Save The Childrenကဆိုထားသည်။

-ယခုဖြစ်ရပ်​ကြောင့်ကယား၊ ချင်း၊ မ​ကွေးရှိစီမံကိန်းများယာယီရပ်ထားမည်ဟုဆို

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ ၃၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ရာတွင် Save The Children မှ ဝန်ထမ်းနှစ်ဦးလည်း​ပျောက်ဆုံး​နေသလို ၎င်းတို့၏ ကားများလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု Save The Children (မြန်မာ) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မူကြောင့်က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက် မနည်း မီးရှို့သတ်ဖြတ်ခံရမူကို ပြစ်တင်ရှုပ်ချသည်ဟုလည်း Save The Childrenကဆိုထားသည်။

Save The Children ၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ကျေးရွာတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး အားလပ်ရက်အတွက် နေအိမ်သို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်ဟု Save The Children ကဆိုသည်။ ၎င်းတို့၏ ဝန်ထမ်းများ စီးနင်းလာသည့် မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Save The Children က အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။”ဟု Save the Children ၏ အမှုဆောင်ချုပ် Inger Ashing ကပြောသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု Save The Children က ဆိုထားသည်။

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ များကိုဖမ်းဆီးပြီးဓါတ်ဆီ​လောင်းမီးရှို့သတ်ဖြတ်ခံရသူများထဲတွင် Save The Children မှ ဝန်ထမ်းနှင့် Save The Children ပိုင်ကားတစ်စီး ပါဝင်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က သတင်းထုတ်ပြန်သည်။

“INGO တို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘာလုပ်မှာလဲ မေးခွန်းထုတ်လိုက်ပါတယ်” ဟုလည်း PKPFက ယ​နေ့ည​နေတွင် သတင်းထုတ်ပြန်​မေးခွန်းထုတ်ထား သည်။

ယခုဖြစ်စဉ်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိSave The Children ၏ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Save the Children သည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် တနိုင်ငံလုံးတွင် လုပ်ကိုင်လျက်ရှိသည်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။