Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်က ပြည်သူ ၃၈ဦးကိုမီးရှိုသတ်ဖြတ်မှုတွင် Save The Children ဝန်ထမ်း ၂ ဦး​ပျောက်ဆုံး​နေပြီးကားမီးရှို့ခံထားရဟု ထုတ်ပြန်

အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မူကြောင့်က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက် မနည်း မီးရှို့သတ်ဖြတ်ခံရမူကို ပြစ်တင်ရှုပ်ချသည်ဟုလည်း Save The Childrenကဆိုထားသည်။

-ယခုဖြစ်ရပ်​ကြောင့်ကယား၊ ချင်း၊ မ​ကွေးရှိစီမံကိန်းများယာယီရပ်ထားမည်ဟုဆို

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ ၃၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ရာတွင် Save The Children မှ ဝန်ထမ်းနှစ်ဦးလည်း​ပျောက်ဆုံး​နေသလို ၎င်းတို့၏ ကားများလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု Save The Children (မြန်မာ) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မူကြောင့်က​လေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက် မနည်း မီးရှို့သတ်ဖြတ်ခံရမူကို ပြစ်တင်ရှုပ်ချသည်ဟုလည်း Save The Childrenကဆိုထားသည်။

Save The Children ၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ကျေးရွာတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး အားလပ်ရက်အတွက် နေအိမ်သို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်ဟု Save The Children ကဆိုသည်။ ၎င်းတို့၏ ဝန်ထမ်းများ စီးနင်းလာသည့် မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Save The Children က အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။”ဟု Save the Children ၏ အမှုဆောင်ချုပ် Inger Ashing ကပြောသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု Save The Children က ဆိုထားသည်။

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ များကိုဖမ်းဆီးပြီးဓါတ်ဆီ​လောင်းမီးရှို့သတ်ဖြတ်ခံရသူများထဲတွင် Save The Children မှ ဝန်ထမ်းနှင့် Save The Children ပိုင်ကားတစ်စီး ပါဝင်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က သတင်းထုတ်ပြန်သည်။

“INGO တို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘာလုပ်မှာလဲ မေးခွန်းထုတ်လိုက်ပါတယ်” ဟုလည်း PKPFက ယ​နေ့ည​နေတွင် သတင်းထုတ်ပြန်​မေးခွန်းထုတ်ထား သည်။

ယခုဖြစ်စဉ်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိSave The Children ၏ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Save the Children သည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် တနိုင်ငံလုံးတွင် လုပ်ကိုင်လျက်ရှိသည်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။