Connect with us

Hi, what are you looking for?

News

ဖရူဆိုမှာ လူပေါင်း ၃၀ ကျော် အစုလိုက်မီးရှို့သတ်ဖြတ်သူတွေကိုအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

ကုလသမဂ္ဂကတော့ ဖရူဆို ဖြစ်စဉ်အပါအဝင်နိုင်ငံတလွှားက အရပ်သားတွေ တိုက်ခိုက်ခံနေရတာကို ရှုတ်ချထားပါတယ်။

ကယားပြည်နယ် ၊ဖရူဆိုမြို့နယ် အတွင်း လမ်းပေါ်မှာ လူပေါင်း ၃၅ ဦးထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု အမြန်ဆုံးလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်က ဖရူဆိုမြို့နယ် မှာ အစုလိုက် သတ်ဖြတ်ခံရမှုမှာ ကလေးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။

ဒါအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့ Save the children က ဝန်ထမ်း၂ ဦးဟာလည်း ဒီဖြစ်စဉ်နဲ့ကြုံပြီး ပျောက်ဆုံးနေသလို သူတို့စီးလာတဲ့ကားဟာလည်း မီးရှို့ခံထားရတာကိုတွေ့ရပါတယ်။

ကုလသမဂ္ဂကတော့ ဖရူဆို ဖြစ်စဉ်အပါအဝင်နိုင်ငံတလွှားက အရပ်သားတွေ တိုက်ခိုက်ခံနေရတာကို ရှုတ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သားပြည်သူတွေကို မထိခိုက်အောင်ကာကွယ်ပေးကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

ဖရူဆိုဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ လက်ချက်ဖြစ်တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖရူဆိုမြို့နယ်အတွင်း ကား ၇ စီးကို တားရာမှာမရပ်သေးတဲ့အပြင် ပြန်ပစ်တာကြောင့်အပြန်အလှန်ပစ်ခတ်မှုပြီး အမျိုးသမီး ၁ ဦးအပါအဝင် PDF ၂၅ ဦးသေဆုံးတယ်လို့ ဘီဘီစီသတင်းဌာနကိုပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။