Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ်နိုင်ငံက ဒေါ်လာ ၅သိန်း​ထောက်ပံ့

နေပြည်တော်၌ ယနေ့(ဒီဇင်ဘာ ၂၉ရက်)တွင် ပြုလုပ်သည့် အဆိုပါအလှူငွေပေးအပ်ပွဲကို တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်ဟိုင် တက်ရောက်ပေးအပ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံခဲ့သည်ကိုဓာတ်ပုံများမှာ တွေ့ရသည်။

မြန်မာပြည်သူများကို နေ့စဉ်နှင့် အမျှအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည့် အာဏာ သိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်ဟုဆိုကာ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၅သိန်း ယနေ့ ပေးအပ်ခဲ့သည်။

နေပြည်တော်၌ ယနေ့(ဒီဇင်ဘာ ၂၉ရက်)တွင် ပြုလုပ်သည့် အဆိုပါအလှူငွေပေးအပ်ပွဲကို တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်ဟိုင် တက်ရောက်ပေးအပ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံခဲ့သည်ကိုဓာတ်ပုံများမှာ တွေ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ ယခင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အသုံးပြုရန် လှူဒါန်းငွေများ ပေးအပ်ခဲ့ဖူးသည်။

Public Service Announcement

ယခု အလှူငွေပေးအပ်ရာတွင် စစ်ကောင်စီက အာဏာသိမ်းပြီးဖွဲ့ထားသည့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကော်မတီသို့ အမေရိကန် ဒေါ်လာသုံးသိန်း၊ JMC သို့ ဒေါ်လာ နှစ်သိန်း လှူဒါန်းခဲ့သည်ဟု ဆိုသော်လည်းအာဏာသိမ်းပြီးနောက်ပိုင်း JMC အပါ အဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းသွားပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ နေရာအနှံ့၌ ပေါ်ပေါက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

Facebook