Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ်နိုင်ငံက ဒေါ်လာ ၅သိန်း​ထောက်ပံ့

နေပြည်တော်၌ ယနေ့(ဒီဇင်ဘာ ၂၉ရက်)တွင် ပြုလုပ်သည့် အဆိုပါအလှူငွေပေးအပ်ပွဲကို တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်ဟိုင် တက်ရောက်ပေးအပ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံခဲ့သည်ကိုဓာတ်ပုံများမှာ တွေ့ရသည်။

မြန်မာပြည်သူများကို နေ့စဉ်နှင့် အမျှအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည့် အာဏာ သိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်ဟုဆိုကာ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၅သိန်း ယနေ့ ပေးအပ်ခဲ့သည်။

နေပြည်တော်၌ ယနေ့(ဒီဇင်ဘာ ၂၉ရက်)တွင် ပြုလုပ်သည့် အဆိုပါအလှူငွေပေးအပ်ပွဲကို တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်ဟိုင် တက်ရောက်ပေးအပ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံခဲ့သည်ကိုဓာတ်ပုံများမှာ တွေ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ ယခင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အသုံးပြုရန် လှူဒါန်းငွေများ ပေးအပ်ခဲ့ဖူးသည်။

Public Service Announcement

ယခု အလှူငွေပေးအပ်ရာတွင် စစ်ကောင်စီက အာဏာသိမ်းပြီးဖွဲ့ထားသည့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကော်မတီသို့ အမေရိကန် ဒေါ်လာသုံးသိန်း၊ JMC သို့ ဒေါ်လာ နှစ်သိန်း လှူဒါန်းခဲ့သည်ဟု ဆိုသော်လည်းအာဏာသိမ်းပြီးနောက်ပိုင်း JMC အပါ အဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းသွားပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ နေရာအနှံ့၌ ပေါ်ပေါက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။