Connect with us

Hi, what are you looking for?

News

NLD ပါတီ ခေါင်းဆောင်ပိုင်း ၃ ဦး ကိုထောင် ၂ နှစ်စီချလိုက်ပြီး သရုပ်ဆောင်လူမင်း နဲ့ ရဲတိုက်ကိုလည်း ထောင် ၃ နှစ်စီချ

သူတို့ ၃ ဦးကို NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့စာ ၂ စောင်ပတ်သက်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ NLD ခေါင်းဆောင်ပိုင်း တွေဖြစ်တဲ့ ဦးဟံသာမြင့် ၊ ဒေါက်တာမျိုးညွှန်နဲ့ ဦးသိန်းဦးတို့ကို ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီနေ့မှာထောင်ဒဏ် ၂ နှစ်စီချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

သူတို့ ၃ ဦးကို NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့စာ ၂ စောင်ပတ်သက်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

ဒါအပြင် ဒီနေ့မှာအင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်လူမင်း ၊ သရုပ်ဆောင်ရဲတိုက်တို့ကိုလည်း နိုင်ငံတော်မငြိမ်မသက်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့အလုပ်ကြမ်း ထောင်ဒဏ် ၃ နှစ်ချလိုက်ပါသေးတယ်။

လတ်တလောမှာတော့ စစ်ကောင်စီဟာ ဖမ်းဆီးထားသူတွေထဲ လူသိများတဲ့သူတွေကို ဒီရက်ပိုင်းတွေအတွင်းမှာ အမိန့်ချတာတွေ ခပ်စိတ်စိတ်လုပ်လာတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။