Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ထောင်သည့် မိုင်းနင်းမိ၍ နှစ်လအတွင်းဖယ်ခုံဒေသခံ ရှစ်ဦးထက်မနည်း ဒဏ်ရာရ၊ စစ်ကြောရေး၌ သေဆုံးသူ ​ခြောက်ဦးရှိ

ဒီဇင်ဘာ ၂၉ရက်က ဖယ်ခုံ ခမရ (၃၃၆) တပ်အနီးတောင်ယာထဲတွင် သားအမိနှစ်ဦး ပြောင်းကောက်နေစဥ် သမီးမှာ မိုင်းနင်းပြီး ခြေထောက်ဒဏ်ရာရရှိခဲ့ရာ ခြေထောက်ဖြတ်ရမည့် အခြေအနေများကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင် ထားခြင်းကြောင့် ပြည်သူများ မကြာခဏ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်နေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

ဖယ်ခုံမြို့တွင် နိုဝင်ဘာနှင့်ဒီဇင်ဘာအတွင်း စစ်တပ်ကထောင်ထားသောမိုင်း နင်းမိ၍အနည်းဆုံးပြည်သူရှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခံရစဥ် သေဆုံးသူမှာ အနည်းဆုံး ​ခြောက်ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၉ရက်က ဖယ်ခုံ ခမရ (၃၃၆) တပ်အနီးတောင်ယာထဲတွင် သားအမိနှစ်ဦး ပြောင်းကောက်နေစဥ် သမီးမှာ မိုင်းနင်းပြီး ခြေထောက်ဒဏ်ရာရရှိခဲ့ရာ ခြေထောက်ဖြတ်ရမည့် အခြေအနေများကြောင်း ဖော်ပြထားသည်။

အဆိုပါ သမီးငယ်မှာ လွိုင်ကော်ဆေးရုံကြီး၌ ကုသမှု ခံယူနေပြီး အရေးပေါ်အကူအညီလည်းလိုအပ်​နေကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခမရ(၃၃၆)တပ် အနီး၌ပင် ဒီဇင်ဘာ၂ ရက်က နန်းဟူးရပ်ကွက်နေ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။