Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီယာဥ်တန်းကိုမိုင်းဆွဲ

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမပေါ်တွင် ယမန်နေ့ညပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

(ဓါတ်ပုံ- အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သောပြည်သူများကို လိုက်လံအကြမ်းဖက်ဖြိုခွင်းခဲ့​သောစစ်​ကောင်စီတပ်သားများ)

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် ည၉:၂၀နာရီအချိန်က စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ် ဝက်လက်မြို့နယ် ရွာသာကြီးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စစ်ကောင်စီယာဥ်တန်းအနက် နောက်ဆုံးတစ်စီးဖြစ်သည့် ၁၂ ဘီးယာဥ်အားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း၃ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“၁၂ဘီးကားပေါ်က ဂျပ်ဖာတွေကြားမှာ ပုန်းအောင်းပြီး စစ်ကောင်စီတပ်သားတွေလိုက်ပါလာကြတယ်လို့သိရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့၊ ဝက်လက်မြို့နယ်ဒေသဆိုင်ရာ ကာကွယ်ရေးတပ်နှင့် ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊စစ်ကောင်စီကား အထိအခိုက် အပျက်အစီးအခြေအနေအား လုံခြုံရေးအခြေအနေအရ အတိအကျမသိရသေးကြောင်း ၎င်းတို့ကအသိပေးသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းဖြစ်သော ရှိမ်းမကားကျေးရွာဝန်းကျင်၌ အင်အား၆၀ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရှိမ်းမကားမှ ရေလမော်ရွာဘက်သို့ ရောက်ရှိနေပြီး ခရိုင်းချင်းဆက်လမ်းသို့ တက်လာမည်ဟု ယူဆရကြောင်း၊ထို့ကြောင့်ပြည်သူများ
အနေဖြင့်ခရိုင်ချင်းဆက်လမ်းကို ယာယီအသုံးမပြုကြရန် ဝက်လက်အခြေစိုက်ဖောင်းဒိုင်းအဖွဲ့ကလည်းသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။