Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီချုပ်အဖွဲ့ဝင် ၆၄၉ ဦး ဖမ်းဆီးခံရကာ ၁၄ ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်

အကြမ်းဖက်စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ရက်အထိ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၄၉ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ ၁၄၆ ဦးရှိသည်ဟု ဆိုသည်။

▪️အဖွဲ့ချုပ်ရုံးများနှင့် အဖွဲ့ဝင်များ၏ နေအိမ်များကို ဥပဒေမဲ့ဖျက်ဆီးမှုများရှိ

စစ်အာဏာသိမ်းခံထားရသည့် ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ဝင် ၆၄၉ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းကာလအတွင်း ၁၄ဦး ကျဆုံးခဲ့ကြောင်း ဗဟိုပြန်ကြားရေးကော်မတီက ယနေ့ (ဇန်နဝါရီ ၁ ရက်) သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ရက်အထိ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၄၉ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ ၁၄၆ ဦးရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဒီချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာဇော်မြင့်မောင်အပါအဝင် အဖွဲ့ဝင် ၄၈၉ ဦးသည် လက်ရှိအချိန် အကျဉ်းထောင်အသီးသီး၌ မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလ တွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ကျဆုံးကွယ်လွန်ခဲ့သူ ၁၄ဦးရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၀၁ ဦးဖြစ် ပြီး ပြန်လည်လွတ်မြောက်လာပြီးသူမှာ ရှစ်ဦးရှိကာ ၉၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှာ ကွယ်လွန်ခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ဒီချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို နည်းအမျိုး မျိုးဖြင့် ဥပဒေမဲ့ဖျက်ဆီးမှု (၈၆)ကြိမ်ရှိခဲ့သည်ဟု ထုတ် ပြန်သည်။

ထိုမျှမက ဒီချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ ၇၇ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်​၌ ဖော်ပြသည်။

အထက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်ရှိ ပါတီဝင်များ၏ အကူအညီဖြင့် ဒီချုပ် ဗဟိုလုပ်ငန်းကော်မတီ(CWC) က ကောက်ယူရရှိထားသော အချက်အလက်များသာဖြစ်ပြီး စာရင်းမရရှိသေးသူများရှိနိုင်သဖြင့် အနည်းဆုံးအရေအတွက်များသာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။