Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီချုပ်အဖွဲ့ဝင် ၆၄၉ ဦး ဖမ်းဆီးခံရကာ ၁၄ ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်

အကြမ်းဖက်စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ရက်အထိ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၄၉ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ ၁၄၆ ဦးရှိသည်ဟု ဆိုသည်။

▪️အဖွဲ့ချုပ်ရုံးများနှင့် အဖွဲ့ဝင်များ၏ နေအိမ်များကို ဥပဒေမဲ့ဖျက်ဆီးမှုများရှိ

စစ်အာဏာသိမ်းခံထားရသည့် ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ဝင် ၆၄၉ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းကာလအတွင်း ၁၄ဦး ကျဆုံးခဲ့ကြောင်း ဗဟိုပြန်ကြားရေးကော်မတီက ယနေ့ (ဇန်နဝါရီ ၁ ရက်) သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ရက်အထိ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၄၉ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ ၁၄၆ ဦးရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဒီချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂)ဒေါက်တာဇော်မြင့်မောင်အပါအဝင် အဖွဲ့ဝင် ၄၈၉ ဦးသည် လက်ရှိအချိန် အကျဉ်းထောင်အသီးသီး၌ မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလ တွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ကျဆုံးကွယ်လွန်ခဲ့သူ ၁၄ဦးရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၀၁ ဦးဖြစ် ပြီး ပြန်လည်လွတ်မြောက်လာပြီးသူမှာ ရှစ်ဦးရှိကာ ၉၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှာ ကွယ်လွန်ခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ဒီချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို နည်းအမျိုး မျိုးဖြင့် ဥပဒေမဲ့ဖျက်ဆီးမှု (၈၆)ကြိမ်ရှိခဲ့သည်ဟု ထုတ် ပြန်သည်။

ထိုမျှမက ဒီချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ ၇၇ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်​၌ ဖော်ပြသည်။

အထက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်ရှိ ပါတီဝင်များ၏ အကူအညီဖြင့် ဒီချုပ် ဗဟိုလုပ်ငန်းကော်မတီ(CWC) က ကောက်ယူရရှိထားသော အချက်အလက်များသာဖြစ်ပြီး စာရင်းမရရှိသေးသူများရှိနိုင်သဖြင့် အနည်းဆုံးအရေအတွက်များသာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။