Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများအတွက် အမေရိကန်၏သန္နိဋ္ဌာန် ပြောင်းလဲမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူများထံ ပေးပို့သော လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းထုတ်ပြန်ခြင်းဖြစ်သည်။

▪️အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်တရားဝင်မှုမပေးဘဲ လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာကို မြန်မာပြည်သူများထံပေးပို့

ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်၏သန္နိဋ္ဌာန် ပြောင်းလဲမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူများထံ ပေးပို့သော လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းထုတ်ပြန်ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးနေ့ဆု တောင်းသဝဏ်လွှာကို သက်ဆိုင်ရာနိုင်ငံ၏ အကြီးအကဲများ၊ ခေါင်းဆောင်များ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့လေ့ရှိသော်လည်း အမေရိကန်ပြည်ထောင်စုက လက်ရှိနိုင်ငံတော်အာဏာကို တရားမဝင်ရယူထားသည့် အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ခြင်းမရှိဘဲ မြန်မာပြည်သူများထံ ပေးပို့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုအပ်ပါသည်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့အပြင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို အမေရိကန်က ထပ်မံတောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။