Connect with us

Hi, what are you looking for?

News

လွတ်လပ်​ရေး​နေ့ည တာ​မွေတွင် ဗုံးသုံးလုံး​ပေါက်

“ပေါက်ကွဲသံကြီးတော့ကြားလိုက်ရတယ်။ ပြီးတော့ ရဲတွေ စစ်သားတွေရောက်လာပြီးလမ်းတွေ ပိတ်ပြီးစစ်နေတယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

လွတ်လပ်ရေးနေ့ညတွင် တာမွေမြို့နယ်အတွင်း ဗုံး သုံးကြိမ်ပေါက်ကွဲခဲ့ကြောင်း ​ဒေသခံများကပြောသည်။

ယ​နေ့ညနေ ၆ နာရီမှ ည ၈နာရီကြား​ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။​ပေါက်ကွဲမှု သုံးခုကို တာမွေမြို့နယ်နေရာအနှံပြားက ကြားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမူကိုတော့ မသိရကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံကြီးတော့ကြားလိုက်ရတယ်။ ပြီးတော့ ရဲတွေ စစ်သားတွေရောက်လာပြီးလမ်းတွေ ပိတ်ပြီးစစ်နေတယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

တာမွေ မလွှကုန်းဘူတာအနီး ည ၈နာရီပေါက်ကွဲမူကို ရန်ကုန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခုကပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမူတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှနှစ်ဦး ထိခိုက်နိုင်သည်ဟု Yangon People’s Defense Force (Bahan) ၊ Anonymous Force ၊ Hmawbi Revolution Force တို့က ထုတ်ပြန်ထားသည်။

“၈နာရီ ကျော်လောက်က မလွှကုန်းဘူတာနားမှာ ဗုံးပေါက်သံ အကျယ်ကြီး တစ်ချက် ကြားလိုက်ရတယ်။ ပြီးတော့ သေနတ်သံ နှစ်ချက် ပစ်သံကြားရတယ်။ ဘယ်ဘက်ကပစ်မှန်းတော့ မသိပါဘူး။ ဘူတာနားမှာက အရင်ထဲက အစောင့်ကင်းတဲ ရှိတော့ အဲ့ကို လာပစ်တာ ထင်ပါတယ်။ ညဘက်လည်း ဖြစ်နေတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး”ဟု ​တာမွေမြို့ခံတစ်ဦးက ပြောသည်။

ထိုအပြင်ည၈နာရီခန့်တွင်လည်းကျောက်မြောင်းမြို့ပတ်လမ်းတွင် ဗုံးပေါက်ကွဲမူ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟုမြို့ခံများက ပြောသည်။

ယနေ့ည ၆နာရီခန့်တွင်လည်း တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းပေးနေသည့် မြတ်မေတ္တာမွန်ကုမ္ပဏီပိုင် ဆီဆိုင်တစ်ခုပေါက်ကွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တို့တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။