Connect with us

Hi, what are you looking for?

News

‘ပျံလွှား​အောင်’ စစ်ဆင်​ရေး၏ စစ်ရေးတုန့်ပြန်မှုအဖြစ် ရန်ကုန်မြို့နယ်ရှစ်ခုတွင် ​ထပ်မံဖောက်ခွဲတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုများကို လှိုင်၊ ရွှေပြည်သာ၊ မှော်ဘီ၊ ဒဂုံအရှေ့၊ တာမွေ၊ ဆိတ်ကြီးခနောင်တို၊ မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအား စစ်ရေးတုန့်ပြန်မှုအနေဖြင့် ပျံလွှားအောင်‘စစ်ဆင်ရေးအစိတ်အပိုင်းများအဖြစ် ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုရှိ စစ်ရေးပစ်မှတ်များအား ​ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို လှိုင်၊ ရွှေပြည်သာ၊ မှော်ဘီ၊ ဒဂုံအရှေ့၊ တာမွေ၊ ဆိတ်ကြီးခနောင်တို၊ မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှိုင်

လှိုင်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စစ်ကောင်စီ ၏ လှိုင်ရဲစခန်းဝန်းကို ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၄၀(မမ)ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် ရန်သူရဲ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရွှေပြည်သာ

ရွှေပြည်သာမြို့နယ် အောက်ဂိတ်မှတ်တိုင်အနီး လှော်ကားနယ်မြေရဲစခန်းဝန်းအတွင်းရှိ စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၄ ရက် နံနက် ၅နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်အတူ MO7(Eagle)မှ YUG Army အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူတစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။

မှော်ဘီ

ဇန်နဝါရီ ၄ ရက်နေ့နံနက် ၈ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ် ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် စစ်ကောင်စီတပ်များရှိနေစဉ် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ACPLF အဖွဲ့နှင့် မှော်ဘီ့ရင်သွေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဒဂုံအရှေ့

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၄ ရက်နံနက် ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တာမွေ

အလားတူ ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီခန့်တွင် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး​ထောက်တိုင်တစ်ခုဖြစ်သော MMTM စက်သုံးဆီအရောင်းဆိုင်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဇန်နဝါရီ ၄ ရက် ည ၇နာရီကျော်တွင် တာမွေမြို့နယ် မလွှကုန်းဘူးတာ သံလမ်းအနီးရှိနေသည့် စစ်ကောင်စီတပ်များကို ဗုံးနှစ်လုံးဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကို ACPLF အဖွဲ့၊ မှော်ဘီတော် လှန်ရေးအင်အားစုနှင့် Bahan PDF Anonymous Force အဖွဲ့ဝင်များပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ရန်သူတပ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆိတ်ကြီးခနောင်တို

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင် MyTel ဝါတိုင်ကို ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီခွဲခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် MDF တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ဥက္ကလာ

ယနေ့(ဇန်နဝါရီ ၅)နံနက် ၅ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂)ဈေးအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲစခန်းချထားသည့် စစ်ကောင်စီတပ်များကို နှစ်ကြိမ်ဗုံးခွဲ့တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကို နယ်မြေခံ ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်များနှင့် MO7(Eagle)မှ ဂဠုန်နှင့်စွန်ရဲအဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူတပ်မှ သုံးဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။

မြောက်ဒဂုံ

အလားတူ ယနေ့(ဇန်နဝါရီ ၅)နံနက် ၆ နာရီတွင်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းနှင့်အပြိုင် ကျန်စစ်သားလမ်းအနီး ရထားသံလမ်းချောင်းကူးတံတားကို ACPLF အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဝန်တင်ထောက်ပို့ရထားများ လုံးဝအသုံး ပြု၍ မရတော့အောင်ပျက်စီးသွားသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook