Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ မီတာခလာကောက်သည့် စစ်ကောင်စီယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ကားနှစ်စီးမိုင်းထိ

“ဒီနေ့မနက်က ရွာထဲကို မီတာခလာကောက်တာပါ။ ကားသုံးစီးနဲ့။ မီတာခကောက် အပြန်မှာကျွန်တော်တို့က မိုင်းဆွဲလိုက်တာပါ”ဟု ၎င်းက ဆက်ပြောသည်။

ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသို့ လျှပ်စစ်မီတာခများလာကောက်သည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြ​ပျောက်ကြားတပ် Snake Eye – PDF(Shwebo)က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန် သည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေများ ဆိပ်ခွန်ရွာသို့ ကားသုံးစီးဖြင့် မီတာခလာကောက်ပြီးအပြန်လမ်းတွင် ရှေ့ထွက်မိုင်း သုံးလုံး၊ ပဒေသာမိုင်း ​ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Snake Eye – PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနေ့မနက်က ရွာထဲကို မီတာခလာကောက်တာပါ။ ကားသုံးစီးနဲ့။ မီတာခကောက် အပြန်မှာကျွန်တော်တို့က မိုင်းဆွဲလိုက်တာပါ”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ယာဥ်သုံးစီးတွင် နှစ်စီးမိုင်းထိခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို SNAKE EYES-PDF၊ C&T(Shwebo)နှင့် SHWEBO GHOSTS စသည့် မဟာမိတ်(၃)ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

စစ်ရေးတိုက်ခိုက်များပြုလုပ်နေချိန် ပြည်သူများအနေဖြင့် မသင်္ကာစရာယာဥ်တန်းများနှင့် ခပ်ခွာခွာမောင်းနှင်ကြရန်၊ မစ်ရှင်ဖြစ်ပွားနေစဥ် ဘေးအန္တရာယ်ဖြစ်ပွားစေနိုင်​​​သောကြောင့် ဘေးကင်းရာတွင် အချိန်တစ်ခုထိစောင့်ဆိုင်းရပ်နားပေးကြရန် မဟာမိတ်ညီနောင်များကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။