Connect with us

Hi, what are you looking for?

News

ဒေါပုံသင်္ဘောကျင်းရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

“ပေါက်သံကြားပြီး မိနစ်နှစ်ဆယ်လောက်မှာ မင်းနန္ဒာ လမ်းဘက်ကနေ သဘော်ကျင်းဘက်ကို စစ်ကားတစ်စီးဆင်းသွားတာတော့ တွေ့တယ်။ရဲခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မဟာဗန္ဓုလတံတားအဆင်းရှိ ဒေါပုံမြို့နယ်သင်္ဘောကျင်းရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော် လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၅ ရက်)ည ၇ နာရီခန့်တွင် ဖောက်ခွဲမှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အသားများအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း B.F.R.A.Fက အသိပေးသည်။

တိုက်ခိုက်ခဲ့သော ဒေါပုံမြို့နယ်သင်္ဘောကျင်းရဲစခန်း၏ ထိခိုက်သေဆုံးမှု ရှိ၊မရှိ အတည်ပြုရန် B.F.R.A.F ကြိုးစားနေဆဲ ဖြစ်သည်။

“ပေါက်သံကြားပြီး မိနစ်နှစ်ဆယ်လောက်မှာ မင်းနန္ဒာ လမ်းဘက်ကနေ သဘော်ကျင်းဘက်ကို စစ်ကားတစ်စီးဆင်းသွားတာတော့ တွေ့တယ်။ရဲခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်ပိုင်းအတွင်းကလည်း အင်းစိန်ရွာမရဲစခန်း နှင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတို့ကို ပြောက်ကြားတပ်ဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိအကြမ်းဖက်စစ်ကောင်စီထောက်တိုင်များနှင့် အခြေစိုက်ရာ နေရာများတွင် ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်မှုများ အဆက်မပျက်ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

Facebook