Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါပုံသင်္ဘောကျင်းရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

“ပေါက်သံကြားပြီး မိနစ်နှစ်ဆယ်လောက်မှာ မင်းနန္ဒာ လမ်းဘက်ကနေ သဘော်ကျင်းဘက်ကို စစ်ကားတစ်စီးဆင်းသွားတာတော့ တွေ့တယ်။ရဲခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မဟာဗန္ဓုလတံတားအဆင်းရှိ ဒေါပုံမြို့နယ်သင်္ဘောကျင်းရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော် လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၅ ရက်)ည ၇ နာရီခန့်တွင် ဖောက်ခွဲမှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အသားများအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း B.F.R.A.Fက အသိပေးသည်။

တိုက်ခိုက်ခဲ့သော ဒေါပုံမြို့နယ်သင်္ဘောကျင်းရဲစခန်း၏ ထိခိုက်သေဆုံးမှု ရှိ၊မရှိ အတည်ပြုရန် B.F.R.A.F ကြိုးစားနေဆဲ ဖြစ်သည်။

“ပေါက်သံကြားပြီး မိနစ်နှစ်ဆယ်လောက်မှာ မင်းနန္ဒာ လမ်းဘက်ကနေ သဘော်ကျင်းဘက်ကို စစ်ကားတစ်စီးဆင်းသွားတာတော့ တွေ့တယ်။ရဲခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်ပိုင်းအတွင်းကလည်း အင်းစိန်ရွာမရဲစခန်း နှင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတို့ကို ပြောက်ကြားတပ်ဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိအကြမ်းဖက်စစ်ကောင်စီထောက်တိုင်များနှင့် အခြေစိုက်ရာ နေရာများတွင် ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်မှုများ အဆက်မပျက်ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။