Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံသံရုံး၏ လွတ်လပ်ရေးနေ့ပွဲဂျပန်အစိုးရတာဝန်ရှိသူများ မတက်ရောက်ရန် ဂျပန်ရောက်မြန်မာများတောင်းဆို

အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အများအပြားက ပြင်းထန်စွာရှုတ်ထားပြီး ဂျပန်အစိုးရကလည်း စစ်ကောင်စီကို တရားဝင်အစိုးရ တရပ်အဖြစ် အသိ အမှတ်ပြုထားခြင်းမရှိပေ။

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

တိုကျိုရှိ မြန်မာသံရုံးကကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်ခြင်းမပြုရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုလိုက်သည်။

လာမည့် ဇန်နဝါရီ ၁၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက လွတ်လပ်ရေးနေ့အခမ်းအနားပြုလုပ်ရန်စီစဉ်နေပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းအခမ်းအနားကို တက်ရောက်ပါက ဂျပန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့် ရပ်တည်ချက်မှာ အလွန်ပင် စိတ်ပျက်စရာအခြေအနေသို့ ရောက်ရှိသွားမည်ဟု ဂျပန်ရောက်မြန်မာများက ပြောသည်။

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

“ ဒီမိုကရေစီနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် မြန်မာစစ်ကောင်စီကပြုလုပ်သည့် လွတ်လပ်ရေးပွဲသို့ လုံး၀မတက်ရောက်သင့်ပါ။ အပြစ်မဲ့ အကြောင်းမဲ့သတ်ဖြတ်ခံခဲ့ရသည့် ၁၃၀၀ ကျော်သော မြန်မာနိုင်ငံသားများနှင့် ယနေ့အချိန်အထိ ရက်စက်သော ဖိနှိပ်မှုများမှ လွတ်မြောက်ရန် နေရပ်တိမ်းရှောင်နေရသည့် မြန်မာပြည်သူများ၏ မျက်နှာကိုထောက်ရှုပြီး ဂျပန်အစိုးရနှင့် ဂျပန်အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သတိကြီးစွာဖြင့် စဉ်းစားဆုံးဖြတ်ပေးစေလိုပါသည်”ဟု ၎င်းတို့က တောင်းဆိုသည်။

အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အများအပြားက ပြင်းထန်စွာရှုတ်ထားပြီး ဂျပန်အစိုးရကလည်း စစ်ကောင်စီကို တရားဝင်အစိုးရ တရပ်အဖြစ် အသိ အမှတ်ပြုထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသံရုံး၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်အစိုးရတာဝန်ရှိသူများ တက်ရောက်ပါက မြန်မာနိုင်ငံသားများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရာလည်းရောက်ပါလိမ့်မည်ဟု ဂျပန်ရောက်မြန်မာများက သတိ ပေးထားသည်။

ယင်းလွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် အစိုးရတာဝန်ရှိသူများ မတက်ရောက်ရန် တားမြစ်သည့် ပစ်စာများပေးပို့ကြရန်လည်း ၎င်းတို့က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။