Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီလက်အောက်ခံသံရုံး၏ လွတ်လပ်ရေးနေ့ပွဲဂျပန်အစိုးရတာဝန်ရှိသူများ မတက်ရောက်ရန် ဂျပန်ရောက်မြန်မာများတောင်းဆို

အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အများအပြားက ပြင်းထန်စွာရှုတ်ထားပြီး ဂျပန်အစိုးရကလည်း စစ်ကောင်စီကို တရားဝင်အစိုးရ တရပ်အဖြစ် အသိ အမှတ်ပြုထားခြင်းမရှိပေ။

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

တိုကျိုရှိ မြန်မာသံရုံးကကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်ခြင်းမပြုရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုလိုက်သည်။

လာမည့် ဇန်နဝါရီ ၁၅ ရက်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက လွတ်လပ်ရေးနေ့အခမ်းအနားပြုလုပ်ရန်စီစဉ်နေပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းအခမ်းအနားကို တက်ရောက်ပါက ဂျပန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့် ရပ်တည်ချက်မှာ အလွန်ပင် စိတ်ပျက်စရာအခြေအနေသို့ ရောက်ရှိသွားမည်ဟု ဂျပန်ရောက်မြန်မာများက ပြောသည်။

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

“ ဒီမိုကရေစီနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် မြန်မာစစ်ကောင်စီကပြုလုပ်သည့် လွတ်လပ်ရေးပွဲသို့ လုံး၀မတက်ရောက်သင့်ပါ။ အပြစ်မဲ့ အကြောင်းမဲ့သတ်ဖြတ်ခံခဲ့ရသည့် ၁၃၀၀ ကျော်သော မြန်မာနိုင်ငံသားများနှင့် ယနေ့အချိန်အထိ ရက်စက်သော ဖိနှိပ်မှုများမှ လွတ်မြောက်ရန် နေရပ်တိမ်းရှောင်နေရသည့် မြန်မာပြည်သူများ၏ မျက်နှာကိုထောက်ရှုပြီး ဂျပန်အစိုးရနှင့် ဂျပန်အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သတိကြီးစွာဖြင့် စဉ်းစားဆုံးဖြတ်ပေးစေလိုပါသည်”ဟု ၎င်းတို့က တောင်းဆိုသည်။

အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အများအပြားက ပြင်းထန်စွာရှုတ်ထားပြီး ဂျပန်အစိုးရကလည်း စစ်ကောင်စီကို တရားဝင်အစိုးရ တရပ်အဖြစ် အသိ အမှတ်ပြုထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

(ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် ဂျပန်​ရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးချီတက်ဆန္ဒပြကို ​တွေ့ရစဥ်)

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသံရုံး၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်အစိုးရတာဝန်ရှိသူများ တက်ရောက်ပါက မြန်မာနိုင်ငံသားများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရာလည်းရောက်ပါလိမ့်မည်ဟု ဂျပန်ရောက်မြန်မာများက သတိ ပေးထားသည်။

ယင်းလွတ်လပ်ရေးနေ့အခမ်းအနားသို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် အစိုးရတာဝန်ရှိသူများ မတက်ရောက်ရန် တားမြစ်သည့် ပစ်စာများပေးပို့ကြရန်လည်း ၎င်းတို့က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။