Connect with us

Hi, what are you looking for?

News

မော်လမြိုင်မြို့ မြိုင်သာယာရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

“မြိုင်သာယာရဲစခန်းအား လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့သည်”ဟု မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ အာရွှန်မိုးက ဆိုသည်။

(မြိုင်သာယာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ​မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိသည်၊ဓာတ်ပုံ-CJ)

မော်လမြိုင်မြို့ပေါ်ရှိ မြိုင်သာယာရဲစခန်းအား ဗုံး​ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၆)ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီကျော်ခန့်တွင် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ရဲစခန်းဝန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မြိုင်သာယာရဲစခန်းအား လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့သည်”ဟု မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ အာရွှန်မိုးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ မရှိ စသည်အခြေအနေအား မသိရသေးပေ။

Public Service Announcement

Public Service Announcement

မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင် စီ၏ အုပ်ချုပ်ရေးဒေါက်တိုင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးဖြစ်သလို ပြည်သူများအနေဖြင့်လည်း သွေးအေးမသွားကြရန် ထပ်မံအသိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။