Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်မ(၁၁)စခန်းကုန်းကို ကျားဖြူတပ်ခွဲ သိမ်းပိုက်

အဆိုပါ ထိတွေ့တိုက်ပွဲ​လေးကြိမ်တွင် စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးပြီး တပ်မ(၁၁)တပ်စွဲထားရာ စခန်းကုန်းအား ဇန်နဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကျားဖြူတပ်ခွဲ(၁)၏ ထုတ်ပြန်ချက်က ဆိုသည်။

ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တပ်မ(၁၁)တပ်စွဲထားရာ စခန်းကုန်းကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ကြောင်း ကျပ်ဖြူတပ်ခွဲ(၁)မှ ယနေ့(ဇန်နဝါရီ ၆) ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၁၁)နှင့် KNU/KNLA တပ်ရင်း (၁၈)နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ ကျားဖြူတပ်ခွဲ(၁)တို့ကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်မှ ယခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ထိတွေ့တိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ​လေးကြိမ်တွင် စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးပြီး တပ်မ(၁၁)တပ်စွဲထားရာ စခန်းကုန်းအား ဇန်နဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကျားဖြူတပ်ခွဲ(၁)၏ ထုတ်ပြန်ချက်က ဆိုသည်။

ထိတွေ့တိုက်ပွဲများအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းဖြစ်ပွားခဲ့သော တော်နော်ရေတံခွန်အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအဆင့်ရှိသူနှစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။