Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် အကြမ်းဖက်၍ နှမ်းခါးရွာခံ ငါးဦးသေဆုံး၊ နေအိမ်အဆောက်အအုံ ၈၀ခန့် မီးလောင်ပျက်စီးဟုထုတ်ပြန်

စစ်ကောင်စီတပ်များသည် နှမ်းခါးရွာသို့ မတ်လ ၁၈ရက်မှစတင်ဝင်ရောက်ခဲ့ရာ လက်ရှိအချိန်ထိ ၁၇ကြိမ်ခန့် ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ဒီဇင်ဘာ၁၇ရက်တွင် နှမ်းခါးရွာကို လေကြောင်းမှပင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် ၍ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာခံငါးဦးသေဆုံးပြီး နှစ်ဦးဖမ်းခံခဲ့ရကြောင်းနှင့် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်မီးရှို့ခဲ့၍ ရွာရှိနေအိမ်၊ စပါးကျီ၊ နွားတင်းကုတ်အပါအဝင် အဆောက်အအုံ ၈၀ခန့်ပျက်စီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် သည်။

စစ်ကောင်စီတပ်များသည် နှမ်းခါးရွာသို့ မတ်လ ၁၈ရက်မှစတင်ဝင်ရောက်ခဲ့ရာ လက်ရှိအချိန်ထိ ၁၇ကြိမ်ခန့် ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ဒီဇင်ဘာ၁၇ရက်တွင် နှမ်းခါးရွာကို လေကြောင်းမှပင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

နှမ်းခါးရွာရှိ အပြည်မဲ့ပြည်သူအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှီု့ ဖျက်ဆီးခဲ့မှု ၅ကြိမ်ပြု လုပ်ခဲ့ရာ ပြာကျပျက်စီးခဲ့သော အပြည်မဲ့ပြည်သူများ၏​နေအိမ် ၄၃လုံး၊ မီးဟပ်ပျက်စီးခဲ့ရသော ​နေအိမ် ၁၇လုံး၊ မီးရှို့ခဲ့၍ အပြည်မဲ့ပြည်သူများ ရှောင်တိမ်းနေထိုင်ရာ စစ်ဘေးရှောင်တဲ ငါးလုံး၊ ပြာကျပျက်စီးခဲ့သည့် စပါးတိုက် ရှစ်လုံးနှင့် နွားစာတိုက် ​လေးလုံးရှိခဲ့သည်ဟု နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ရဲလှ၊ တော်ဝင်နှင့် သာလင်းရွာများသို့လည်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး ယင်းကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ဖမ်းဆီးခြင်းနှင့် နေအိမ်များ မီးရှို့ခြင်းများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။ ဂန့်ဂေါဒေသခံများကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook