Connect with us

Hi, what are you looking for?

News

မင်းကင်းတွင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း စတင်ဖွင့်လှစ်

စစ်ကျွန်ပညာရေး ပုန်ကန်သည့်အနေဖြင့် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းများ တည်ထောင်ခြင်း ဖြစ်ပြီး အာဏာရှင်ကို တော်လှန်သည့် လုပ်ရပ်မှန်သမျှအစဉ် တစိုက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်​ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -မြစ်ရိုးအောက်ဒေသ(ပကဖ)က ထုတ်ပြန်သည်။

(ဓာတ်ပုံ - မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသ-ပကဖ)

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်အတွင်း ယနေ့(ဇန်နဝါရီ ၆) ပြည်သူ့ကာကွယ်ရေးအဖွဲ့ -မြစ်ရိုးအောက်ဒေသ(ပကဖ)က ဦးဆောင်၍ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

(ဓာတ်ပုံ – မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသ-ပကဖ)

အဆိုပါ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းထူထောင်နိုင်ရေးအတွက် မြစ်ရိုးအောက်ဒေသမှ ကျေးရွာများရှိ ကျောင်းသားမိဘများ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(ပအဖ)၊ CDM ဆရာ၊ဆရာမများနှင့် လုပ်အား ပေး ဆရာ၊ဆရာမများ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)များနှင့် PDFများပူးပေါင်း၍ လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။

(ဓာတ်ပုံ – မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသ-ပကဖ)

စစ်ကျွန်ပညာရေး ပုန်ကန်သည့်အနေဖြင့် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းများ တည်ထောင်ခြင်း ဖြစ်ပြီး အာဏာရှင်ကို တော်လှန်သည့် လုပ်ရပ်မှန်သမျှအစဉ် တစိုက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်​ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -မြစ်ရိုးအောက်ဒေသ(ပကဖ)က ထုတ်ပြန်သည်။

(ဓာတ်ပုံ – မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြစ်ရိုးအောက်ဒေသ-ပကဖ)

ထိုကဲ့သို့ အာဏာရှင်ကိုတော်လှန်ရင်း ဒေသတွင်းပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ပူးပေါင်းကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။