Connect with us

Hi, what are you looking for?

News

ပန်းဆိုးတန်း အကောက်ခွန်ရုံးအနီး ဗုံးနှစ်လုံးဆင့်ပေါက်၊ စစ်ကောင်စီဝင်အချို့ ထိခိုက်နိုင်ဖွယ်ရှိဟုဆို

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် လာ​ရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇ ရက်) နံနက်ပိုင်းက စစ်ကောင်စီလက်ပါးစေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းအနီး အကောက်ခွန်ဦးစီးဌာနရုံးတွင် ယနေ့(ဇန်နဝါရီ ၇ရက်) နေ့လယ် ၁၂နာရီခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။

“အကောက်ခွန်ရုံးထောင့်နားက အပင်အောက်မှာ ဗုံးက ပေါက်တာပါ။ စစ်သားတွေ လာစစ်တဲ့အချိန်မှာ နောက်တစ်လုံး ထပ်ပေါက်တဲ့ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ရုံးနားမှာ ရပ်ထားတဲ့ ကားတစ်စီး လေကာမှန်နဲ့ တံခါးတွေထိသွားတယ်။ စစ်သားအချို့လည်း ထိခိုက်နိုင်တယ်။ လမ်းတွေပိတ်ပြီး စစ်နေတော့ ဘယ်သူမှသွားမကြည့်ရဲကြဘူး”ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အကောက်ခွန်ရုံးအနီး ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းတို့ကို အကြမ်းဖက်စစ်ကောင်စီက လမ်းများပိတ်ဆို့၍ စစ်ဆေး​နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်များရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် လာ​ရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇ ရက်) နံနက်ပိုင်းက စစ်ကောင်စီလက်ပါးစေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။