Connect with us

Hi, what are you looking for?

News

မူးမြစ်ကူး သမရိုးတံတားအနီးတိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ

“မိုင်းနှစ်လုံးစလုံးက ထိထိမိမိ ရှိခဲ့တယ်။အဲဒါကြောင့် သေဆုံးသူတွေရှိခဲ့တာ။နောက်ပြီး သေတာ အတည်ပြုလို့ရသလောက်ဆို ဗိုလ် တစ်ဦးလည်း ပါတယ်”ဟု ဝက်လက် ပကဖ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း အရာတော် – ဝက်လက် နယ်စပ် မူးမြစ်ကူး သမရိုးတံတားအနီး အကြမ်းဖက်စစ် ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်မှာ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခန့်တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်ကို ဝက်လက် ပကဖ
တပ်ရင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“မိုင်းနှစ်လုံးစလုံးက ထိထိမိမိ ရှိခဲ့တယ်။အဲဒါကြောင့် သေဆုံးသူတွေရှိခဲ့တာ။နောက်ပြီး သေတာ အတည်ပြုလို့ရသလောက်ဆို ဗိုလ် တစ်ဦးလည်း ပါတယ်”ဟု ဝက်လက် ပကဖ ရဲဘော်တစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကူကားစောင့်ဆိုင်းနေသော စစ်ကောင်စီတပ်ဖွဲ့များက မိနစ်(၃၀)ခန့် ရမ်းသန်းပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဝက်လက်ဘက်မှ စစ်ကူလာသော စစ်ကောင်စီကားတစ်စီးကို ရွှေပန်းကုံးရွာနှင့် သမရိုးရွာကြားတွင် ဝက်လက်ပကဖ၊ တပ်ရင်း(၁)က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ အသေအဆုံးထိခိုက်မှုကို မသိရသေးပေ။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။