Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို

အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုများကို အမေရိကန်နှင့် ဂျပန်တို့က ပူးတွဲပြစ်တင်ရှုတ်ချလိုက်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန် လည်ရောက်ရှိရန် တောင်းဆိုလိုက်သည်။

အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ် ရေးဝန်ကြီး အော်စတင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ၊ ကာကွယ်ရေးဝန်ကြီး ကီရှိတို့က မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဝန်ကြီးများသည် လွတ်လပ်၊ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် ၎င်းတို့၏ ကတိကဝတ်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံ၏ ညီညွတ်မှု၊ ဗဟိုကျမှုနှင့် အင်ဒို-ပစိဖိတ်တွင် အာဆီယံ၏ သဘောထားကို ခိုင်မာစွာကူညီပံ့ပိုးမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။