Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို

အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုများကို အမေရိကန်နှင့် ဂျပန်တို့က ပူးတွဲပြစ်တင်ရှုတ်ချလိုက်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန် လည်ရောက်ရှိရန် တောင်းဆိုလိုက်သည်။

အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ် ရေးဝန်ကြီး အော်စတင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ၊ ကာကွယ်ရေးဝန်ကြီး ကီရှိတို့က မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဝန်ကြီးများသည် လွတ်လပ်၊ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် ၎င်းတို့၏ ကတိကဝတ်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံ၏ ညီညွတ်မှု၊ ဗဟိုကျမှုနှင့် အင်ဒို-ပစိဖိတ်တွင် အာဆီယံ၏ သဘောထားကို ခိုင်မာစွာကူညီပံ့ပိုးမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။