Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး မိသားစုအားလုံးကိုဗစ်ဖြစ်​နေ

“အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံးကိုဗစ်ကူးစက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး “ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ၍ကုသမှုခံယူနေ​ကြောင်း ယင်းဌာနမှဝန်ထမ်းအချို့ပြောသည်။

“အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံးကိုဗစ်ကူးစက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး “ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကပြောသည်။

စစ်တပ်မှ အသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်သည် ဦးသိန်းစိန်လက်ထက်က လူကယ်ပြန်ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာတွင် ဒုတိယညွှန့်ကြားရေးမှုးချုပ်ရာထူးတာဝန်ထမ်းခဲ့ပြီးနောက် ကျေးလက်ဦးစီးဌာနသို့ပြောင်းရွှေ့ခံခဲ့ရသည်။ ထို့နောက် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ပြန်ခန့်ခဲ့သည်။

ဒေါက်တာသက်သက်ခိုင်သည် အဂ်လိပ်ဘာသာစကားမပြောတတ်ခြင်းနှင့် စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းကြောင့်စစ်ကောင်စီက ဦးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သူကဌာနမှာအကြာကြီးအလုပ်လုပ်ခဲ့တော့ သူသိသူတတ်တယ်။ဝန်ကြီး ဒေါ်သက်သက်ခိုင်က ရုပ်သေးအဆင့်ပဲရှိတာ။ အဲ့လိုဖြစ်အောင်လည်း စကစက သူ့(ဦးအောင်ထွန်းခိုင်)ကိုထည့်ထားတာ။ဝန်ကြီးက ဒုဝန်ကြီးမျက်နှာရိပ်မျက်နှာချေကြည့်အလုပ်လုပ်နေတာ” ဟု အထက်ပါအရာရှိကရှင်းပြ
သည်။

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်အသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလို၊မျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံ
မစိုက်ကြဟု အောက်ခြေဝန်ထမ်းအချို့ကပြောသည်။

လူကယ်ပြန် ဒုဝန်ကြီး မိသားစုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် လူကယ်ပြန် ဝန်ကြီးနှင့် ကျန်ဌာန အရာရှိများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိကိုမူ မသိ့ရှိရ​သေး​ပေ ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

နေပြည်တော်၌ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီး၊ညွှန်ချုပ်များနှင့် စစ်တပ်အကြီးအကဲများအားပေးခဲ့သည့် အထူးမြေကွက်များနှင့်ပတ်သက်ပြီး စိစစ်ပြန်သိမ်းမည်ဟု စစ်ကောင်စီ၏ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီဟာ မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်​တွေ၊သပိတ်ခေါင်းဆောင်​တွေ၊ ပြည်သူ​တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ဦး​ကျော်နီဟာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်း​ဆောင်​နေရင်း ပြည်ထဲ​ရေး နဲ့ လူဝန်မှုကြီးကြပ်ရေး​ ဒုတိယဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ထမ်း​ဆောင်လာတာပါ။ ထိန်းချုပ်​ဒေသမှာ တိုင်းရင်းသားခေါင်းဆောင်​တွေ နဲ့ ဆွေးနွေးမှုများ အားရစရာကောင်းပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့...