Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး မိသားစုအားလုံးကိုဗစ်ဖြစ်​နေ

“အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံးကိုဗစ်ကူးစက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး “ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ၍ကုသမှုခံယူနေ​ကြောင်း ယင်းဌာနမှဝန်ထမ်းအချို့ပြောသည်။

“အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံးကိုဗစ်ကူးစက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး “ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဦးကပြောသည်။

စစ်တပ်မှ အသွင်ပြောင်းလာသော ဦးအောင်ထွန်းခိုင်သည် ဦးသိန်းစိန်လက်ထက်က လူကယ်ပြန်ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာတွင် ဒုတိယညွှန့်ကြားရေးမှုးချုပ်ရာထူးတာဝန်ထမ်းခဲ့ပြီးနောက် ကျေးလက်ဦးစီးဌာနသို့ပြောင်းရွှေ့ခံခဲ့ရသည်။ ထို့နောက် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ပြန်ခန့်ခဲ့သည်။

ဒေါက်တာသက်သက်ခိုင်သည် အဂ်လိပ်ဘာသာစကားမပြောတတ်ခြင်းနှင့် စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းကြောင့်စစ်ကောင်စီက ဦးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သူကဌာနမှာအကြာကြီးအလုပ်လုပ်ခဲ့တော့ သူသိသူတတ်တယ်။ဝန်ကြီး ဒေါ်သက်သက်ခိုင်က ရုပ်သေးအဆင့်ပဲရှိတာ။ အဲ့လိုဖြစ်အောင်လည်း စကစက သူ့(ဦးအောင်ထွန်းခိုင်)ကိုထည့်ထားတာ။ဝန်ကြီးက ဒုဝန်ကြီးမျက်နှာရိပ်မျက်နှာချေကြည့်အလုပ်လုပ်နေတာ” ဟု အထက်ပါအရာရှိကရှင်းပြ
သည်။

အသက် ၆၅ နှစ်အရွယ် ဦးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်အသွင်ပြောင်းများ ဖြစ်ပြီး ဒေါ်သက်သက်ခိုင်အား မျက်နှာလို၊မျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့် သက်ဆိုင်သော အလုပ်များအပေါ် အာရုံ
မစိုက်ကြဟု အောက်ခြေဝန်ထမ်းအချို့ကပြောသည်။

လူကယ်ပြန် ဒုဝန်ကြီး မိသားစုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် လူကယ်ပြန် ဝန်ကြီးနှင့် ကျန်ဌာန အရာရှိများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိကိုမူ မသိ့ရှိရ​သေး​ပေ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။