Connect with us

Hi, what are you looking for?

News

လွိုင်​ကော်တိုက်ပွဲတွင် စစ်​ကောင်စီ၏ ရဟတ်ယာဥ်နှင့်တင့်ကားကို ပစ်ချဖျက်ဆီးနိုင်ခဲ့ဟု KNDF အသိ​ပေး

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ KNDF မှ တိုက်ပွဲအတွင်း လက်နက် ၁၁လက်၊ လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သည်။

▪️စစ်​ကောင်စီတပ်သား အနည်းဆုံး ၃၀​သေ၊ ​သေနက် ၁၁ လက်အပြင် လက်နက်ကြီးများ သိမ်းဆည်းရမိဟု ထုတ်ပြန်

လွိုင်ကော်မြို့တွင် ယနေ့ (ဇန်နဝါရီ ၈ ရ​က်)က ဖြစ်ပွားသည့် တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းနှင့် တင့်ကားတစ်စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိးသားကာကွယ်​ရေးတပ်(KNDF)က ညပိုင်းတွင် ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် (၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ် မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး ၃၀ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ KNDF မှ တိုက်ပွဲအတွင်း လက်နက် ၁၁လက်၊ လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ​နေ့လယ်၂ နာရီ မှည ၇နာရီအထိ တိုက်လေယာဥ်များနှင့်ရဟတ်ယာဥ်များဖြင့် ၁၀ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။

ယနေ့ ည ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့သည်ဟု KNDF က ဆိုသည်။

“ ကျွန်တော်တို့က ဓာတ်ပုံမှတ်တမ်းနဲ့ မျက်မြင်ကိုယ်တွေ့တော့ ကျွန်တော်တို့ KNDF အနေနဲ့တော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ တစ်ခုက အဲဒီ ဒေါမူကလားရွာရယ် အဲဒီ ဘေးနားက ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ တကယ်ဟုတ်တယ်ဆိုပြီး ပေးပို့တယ်။ ကျွန်တော်တို့လည်း သွားမကြည့်နိုင်ဘူး။ မကြည့်နိုင်ဘူးဆိုတာ ရဟတ်ယာဉ်ပျက်ကျတဲ့ ဒေါမူကလားရွာရဲ့ ဘေးနားမှာက ၂၆၁ တပ်ရှိတယ်။ ပျက်ကျတာနဲ့ ချက်ချင်း သူတို့ထွက်လာပြီးတော့ လာရှင်းတာပေါ့ အဲဒီလို အခြေအနေဖြစ်လို့ အဲဒီမှတ်တမ်းကို မယူလိုက်နိုင်ဘူး”ဟု KNDF ပြောရေး ဆိုခွင့်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ် ကောင်စီတပ်များသည် အင်အားအလုံးအရင်းနှင့် တင့်ကားများအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများသဖြင့် (၅) မိုင်၊ (၆) မိုင်နှင့် ဒေါပိုးစီတို့မှတစ်ဆင့် မြို့တွင်းသို့ဆုတ်ခွာခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုရပ်ကွက်များအတွင်းရှိ နေအိမ်များမှပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ ကားနှစ်စီးဖြင့်သယ်ဆောင်သွားသည်ဟုဆိုသည်။

ထို့အပြင် ထိုရပ်ကွက်အတွင်းရှိနေအိမ် ၁၀ လုံးကျော်ကိုလည်း မီးရှို့ဖျက်စီးခဲ့သည်။

ဒီးမောဆို့မြို့နယ် ငွေတောင်ဆည်အနီးတဝိုက်နှင့် ဒီးမော့ဆိုမြို့မရဲစခန်းတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမျာပြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ​​ဖော်ပြသည်။

ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ရေးအရှိန်မြင့်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများ ပိုးမိုပြင်းထန်နိုင်သဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်မှ အကာအကွယ်ဖြစ်နိုင်သော နေရာများတွင်နေကြရန်နှင့် တိုက်ပွဲဖြစ်ပွားသောနေရာများ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။