Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန်

“အကျအဆုံး ၊ အထိအခိုက်စာရင်းအားအတိအကျမသိရသေးပါ။ ယင်းကားမှာ အပြင်းအထန် ထိသွားပြီး တန့်ဆည်မြို့နယ်ရဲစခန်းသို့ အရှိန်ပြင်းစွာ စခန်းအရောက် ဒုန်းမောင်းသွားပါသည်”ဟု တိုက်ခိုက်မှုနှင့်ပတ် သက်ပြီး တန့်ဆည်(ပကဖ)က ပြောသည်။

တန့်ဆည်-ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့(တန့်ဆည်)က ယနေ့(ဇန်နဝါရီ ၈) ထုတ်ပြန်သည်။

ကံထူးမရဲစခန်းမှ စစ်ကောင်စီတပ်များ တန့်ဆည်စခန်းသို့အပြန် တန့်ဆည်-ကံထူးမလမ်းပိုင်း တောင်ပို့ရင်း တံတားအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၁၁ နာရီခန့်တွင် တန့်ဆည်ရဲစခန်းမှတဆင့် ကံထူးမရဲစခန်းသို့ အင်အားသွားဖြည့်ကာ ပြန်လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“အကျအဆုံး ၊ အထိအခိုက်စာရင်းအားအတိအကျမသိရသေးပါ။ ယင်းကားမှာ အပြင်းအထန် ထိသွားပြီး တန့်ဆည်မြို့နယ်ရဲစခန်းသို့ အရှိန်ပြင်းစွာ စခန်းအရောက် ဒုန်းမောင်းသွားပါသည်”ဟု တိုက်ခိုက်မှုနှင့်ပတ် သက်ပြီး တန့်ဆည်(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များမှ ရဲနှင့် စစ်သားများသည် တန့်ဆည်မြို့ နယ်တွင်းရှိ ကျေးရွာများသို့ လှည့်ကင်းလှည့်လျက်ရှိရာ ယနေ့နံနက်အစောပိုင်းတွင် အင်ပင်အိုင်၊ ကံကလေးကုန်း စသည့်ကျေးရွာများသို့ ရဲအင်အား ၁၂ ဦး၊ ဆိုင်ကယ်ခြောက်စီးဖြင့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။