Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီအုပ်ချုပ်​ရေးမှူးအိမ်အပါအဝင်​နေရာအနှံ့ စစ်​ကောင်စီကင်းပုန်းဝပ်ရာ​များကို ဗုံးခွဲတိုက်ခိုက်

အဆိုပါဖောက်ခွဲမှုကို Monywa The Boys၊Monywa NightKing၊MonywaNinjaနှင့်Red Code Revolutionမြို့ပြပြောက်ကျားအဖွဲ့၄ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အာဏာသိမ်းစစ်​ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် နေရာအနှံ့မြို့​ပြ​ပြောက်ကျားတပ်ဖွဲ့များ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ယနေ့( ဇန်နဝါရီ၈ ရက်) မွန်းလွဲပိုင်းမှစတင်ကာ မြေနဲ မင်းရွာ၊ ပုရစ်တောင်ရွာ၊ တောပုရွာ စစ်​ကောင်စီကင်းပုန်းရာနေရာများ၊ ပုရစ်ကုန်းမြောက်ရွာနှင့်တောင်ရွာ၊တောပု၊အောင်မင်္ဂလာမီးပွိုင့်၊ ဘုရားနီ၊ ဇောတိကဘုန်းကြီးကျောင်းစသည့်စစ်​ကောင်စီကင်းပုန်းဝပ်ရာ​နေရာများ ၊ ထန်းတောအုပ်ချုပ်ရေးမှုး ဘိုဝင်းနေအိမ် စသည့်နေရာများကို မဟာမိတ်အဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက အသိပေးသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကိုမူလုံခြုံရေးအခြေအနေအရ စောင့်မကြည့်နိုင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါဖောက်ခွဲမှုကို Monywa The Boys၊Monywa NightKing၊MonywaNinjaနှင့်Red Code Revolutionမြို့ပြပြောက်ကျားအဖွဲ့၄ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နေ မိဘပြည်သူများအနေဖြင့် နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း ကျန်းမာရေးကိစ္စမှအပ ပြင်ပသို့သွားလာခြင်းမပြုကြရန်နှင့် စစ်ဆေးရေးဂိတ်အနီး တပ်ဆွဲထားသောနေရာများအနီးရှောင်သွားကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ယနေ့နံနက်ပိုင်းက မြို့ပြပျောက်ကျားအဖွဲ့များက ကြိုတင်အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook