Connect with us

Hi, what are you looking for?

LuduNwayOo

News

PDFတွေ လုံခြုံရေးယူပေးပြီး သပိတ်တရားဟောပြောပွဲ ကျင်းပတဲ့ ယင်းမာပင်ခရိုင်

မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်နှင့်ပုလဲမြို့နယ်တို့တွင် ယမန်နေ့ (ဇန်နဝါရီ ၈ရက်) ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးစောင့်ရှောက်ယူပေးခဲ့သည်။

အဆိုပါသပိတ်တရားဟောပြောပွဲသို့ ဒေသခံပြည်သူ ထောင်နှင့်ချီ တက်ရောက်နားထောင်ခဲ့ကြသည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်မရသည့် ဒေသဖြစ်ပြီး ပြည်သူလူထုက နယ်မြေစိုးမိုးမှုကို သိမ်းပိုက်ထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်ခွင့် ရသည့်နေရာ မဟုတ်ကြောင်း၊ လက်ရှိထိ ပြည်သူလူထုက နယ်မြေစိုးမိုးမှု သိမ်းပိုက်ထားဆဲ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆက်လက်ပြီး ညီညီညွတ်ညွတ် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားက သံမဏိစိတ်ဓာတ်ဖြင့် အဆုံးထိ တိုက်ပွဲဝင်ကြရန် သပိတ်ဦးဆောင်သူက တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

” အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြပါ။ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းကို လူထုလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်ကောင်စီ ပြုတ်ကျရေးကို နည်းလမ်းမျိုးစုံ သုံးပြီး ဆောင်ရွက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ် “ဟု သပိတ်ဦးဆောင်သူက ဆိုသည်။

“ဒီလို လူထောင်နဲ့ချီတဲ့ဒေသခံတွေက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုကိုမလိုလားဘူးဆိုတာ အခုထိ အေးချမ်းစွာ ထုတ်ဖော်ခဲ့တာ။ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးကနေ ပြည်သူတွေ အန္တရာယ်မရှိအောင် လုံခြုံရေးယူခဲ့တယ်”ဟု ပုလဲမြို့နယ် ပြည်သူ့တပ်ဖွဲ့တစ်ခု၏ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

ထို့အပြင် ” လက်နက်ကိုင် တော်လှန်ရေးကို လူထုလှုပ်ရှားမှုနဲ့ ပေါင်းစပ်နိုင်ဖို့ ကျေးလက်ဒေသတွေသာမက မြို့ပြ တွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြပါစို့ “ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။