Connect with us

Hi, what are you looking for?

News

PDFတွေ လုံခြုံရေးယူပေးပြီး သပိတ်တရားဟောပြောပွဲ ကျင်းပတဲ့ ယင်းမာပင်ခရိုင်

မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်နှင့်ပုလဲမြို့နယ်တို့တွင် ယမန်နေ့ (ဇန်နဝါရီ ၈ရက်) ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးစောင့်ရှောက်ယူပေးခဲ့သည်။

အဆိုပါသပိတ်တရားဟောပြောပွဲသို့ ဒေသခံပြည်သူ ထောင်နှင့်ချီ တက်ရောက်နားထောင်ခဲ့ကြသည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်မရသည့် ဒေသဖြစ်ပြီး ပြည်သူလူထုက နယ်မြေစိုးမိုးမှုကို သိမ်းပိုက်ထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်ခွင့် ရသည့်နေရာ မဟုတ်ကြောင်း၊ လက်ရှိထိ ပြည်သူလူထုက နယ်မြေစိုးမိုးမှု သိမ်းပိုက်ထားဆဲ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆက်လက်ပြီး ညီညီညွတ်ညွတ် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားက သံမဏိစိတ်ဓာတ်ဖြင့် အဆုံးထိ တိုက်ပွဲဝင်ကြရန် သပိတ်ဦးဆောင်သူက တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

” အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြပါ။ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းကို လူထုလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်ကောင်စီ ပြုတ်ကျရေးကို နည်းလမ်းမျိုးစုံ သုံးပြီး ဆောင်ရွက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ် “ဟု သပိတ်ဦးဆောင်သူက ဆိုသည်။

“ဒီလို လူထောင်နဲ့ချီတဲ့ဒေသခံတွေက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုကိုမလိုလားဘူးဆိုတာ အခုထိ အေးချမ်းစွာ ထုတ်ဖော်ခဲ့တာ။ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးကနေ ပြည်သူတွေ အန္တရာယ်မရှိအောင် လုံခြုံရေးယူခဲ့တယ်”ဟု ပုလဲမြို့နယ် ပြည်သူ့တပ်ဖွဲ့တစ်ခု၏ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

ထို့အပြင် ” လက်နက်ကိုင် တော်လှန်ရေးကို လူထုလှုပ်ရှားမှုနဲ့ ပေါင်းစပ်နိုင်ဖို့ ကျေးလက်ဒေသတွေသာမက မြို့ပြ တွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြပါစို့ “ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။