Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံနှင့် ယခင်စစ်ကြောရေးဝန်းရှေ့တို့တွင် ဗုံးပေါက်ကွဲ

မြောက်ဥက္ကလာပမြိုနယ်၊ ကန်သာယာလမ်းဆုံနှင့် သုနန္ဒာလမ်း ဘူမိဗေဒနှင့် ဓာတ်သတ္ထု ရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နားတို့တွင် ဗုံး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံအား ပြီးခဲ့သည့်နှစ်က တွေ့ရစဥ်၊ ပုံဟောင်းအသုံပြုထားပါသည်)

ယနေ့(ဇန်နဝါရီ ၉)ည ၇ နာရီမှစတင်ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြိုနယ်၊ ကန်သာယာလမ်းဆုံနှင့် သုနန္ဒာလမ်း ဘူမိဗေဒနှင့် ဓာတ်သတ္ထု ရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နားတို့တွင် ဗုံး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သုနန္ဒာလမ်းဆုံ (ဇ)ရပ်ကွက်ဆိုတာ ဆီဆိုင်နားပေါ့။ ညရပ်ကွက်ရဲ့ ရွှေပေါက်ကံဘက်ထိပ်လေ။ (ဗုံးပေါက်ကွဲမှု)နှစ်လုံးပဲကြားတာပါ ခုတော့။ နောက်ထပ်တော့မကြားမိသေးဘူး။ ကိုယ်မကြားတဲ့နေရာလည်း ရှိကောင်းရှိနိုင်တယ်”ဟု မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

သုနန္ဒာလမ်းဆုံအနီးပေါက်ကွဲမှု တော်လှန်ရေးကာလအစောပိုင်းက စစ်ကောင်စီမှ စစ်ကြောရေးအဖြစ် အသုံးပြုခဲ့သည့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နား ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုများမှာ ည ၇ နာရီ ၅ မိနစ်ခန့်တွင် တစ်ကြိမ် ၇ နာရီ ၁၅ ခန့်တွင် တစ်ကြိမ်ဖြင့် စုစုပေါင်း နှစ်ကြိမ်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ဗုံးပေါက်ကွဲမှုဖြစ်စဥ်များတွင် ထိခိုက်သေဆုံးမှုများရှိ၊ မရှိကို စုံစမ်းနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။