Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ၍ ဒေသခံ ၅,၀၀၀ခန့် စစ်ရှောင်နေရ

စစ်ကောင်စီတပ်များသည် နဘက်နှင့် ဘုရင်ဂျီကျေးရွာများတွင် အင်အား ၁၀၀ခန့်၊ မင်းတန်းရွာဘက်သို့ အင်အား ၆၀ခန့်အပါအဝင် မြောင်မြို့ဘက်မှ အင်အား ၃၀ခန့်ဖြင့် ကျေးရွာများသို့ အသီးသီးဝင်ရောက်စီးနင်း လျက်ရှိကြောင်း သိရသည်။

(ယနေ့(ဇန်နဝါရီ ၁၀)နံနက်ပိုင်းက စစ်ကောင်စီတပ်များ မင်းတန်းရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်အရှို့အား မီးရှို့ဖျက်ဆီးခဲ့သည်။)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိကြောင်း Young Fighters People Defence Force(YFPD)မှ တာဝန်ခံကိုဒေးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မင်းတန်းရွာအနီးလက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်အပြင် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“မနက်မလင်းခင်မှာ မြူနှင်းအကာအကွယ်ယူပီး မြစ်ကြောင်းကနေ မင်းတန်းရွာကို ဝင်ရောက်ထိုးစစ် စင်နေပါတယ်”YFPDF မှ တာဝန်ခံကိုဒေးက ပြောသည်။

စစ်ကောင်စီ၏အန္တရာယ်ပြုမှုကြောင့် နဘက်၊ ရွာသစ်၊ ဘုရင်ဂျီ၊ သောင်ကြီး၊ ပေါက်တော အရှေ့နှင့် အနောက်၊ အညွန့်၊ မင်းတန်း၊ သာဒွန်း၊ ဘုန်းကောင်း အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူများ ‌အပြေးအလွှားရှောင်နေရပါတယ်။ ရွာလုံးကျွတ် ပြေးနေရတာ များပါတယ်”ဟု တိုက်ခိုက်ရေး တာဝန်ခံကိုဒေးက ဆိုသည်။

စစ်ကောင်စီတပ်များသည် နဘက်နှင့် ဘုရင်ဂျီကျေးရွာများတွင် အင်အား ၁၀၀ခန့်၊ မင်းတန်းရွာဘက်သို့ အင်အား ၆၀ခန့်အပါအဝင် မြောင်မြို့ဘက်မှ အင်အား ၃၀ခန့်ဖြင့် ကျေးရွာများသို့ အသီးသီးဝင်ရောက်စီးနင်း လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။