Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ

အလားတူ ယနေ့နေ့လယ် ၂ နာရီခ့ကလည်း ဘားအံမြို့ပေါ်ရှိ ပြည်နယ်စည်ပင်ရုံး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ပုံစာ - ပြည်နယ်စည်ပင်ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ်)

ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ

ဘားအံမြို့ စစ်မှုဇုံအကျော်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သောကြောင့် စစ်ကောင်စီလက်ပါးစေ အစောင့်ရဲနှစ်ဦးနှင့် BGF တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဇန်နဝါရီ ၁၀) နေ့လယ် ၁ နာရီ ၄၀ ခန့်က ဘားအံစက်မှုဇုံအကျော်ရှိ ထိဖိုးကလုံးက စစ် ဆေးရေးဂိတ်တွင် ကားတစ်စီးမှ ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ဖော်ပြသည်။

“အဲဂိတ်ကရဲတွေရော လမ်းကြေးကောက်တဲ့ကောင်တွေရော အကြောတင်းတွေ။ ဖြစ်သင့်တာကြာပြီ။ ငါ-ုးချင်းမိုးမွှန်အောင်ဆဲတဲ့ ကောင်တွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နေ့လယ် ၂ နာရီခ့ကလည်း ဘားအံမြို့ပေါ်ရှိ ပြည်နယ်စည်ပင်ရုံး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်များနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းများ၏လက်ချက်ဖြစ်သည်ဆိုခြင်းကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။