Connect with us

Hi, what are you looking for?

News

ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ

အလားတူ ယနေ့နေ့လယ် ၂ နာရီခ့ကလည်း ဘားအံမြို့ပေါ်ရှိ ပြည်နယ်စည်ပင်ရုံး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ပုံစာ - ပြည်နယ်စည်ပင်ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ်)

ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ

ဘားအံမြို့ စစ်မှုဇုံအကျော်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သောကြောင့် စစ်ကောင်စီလက်ပါးစေ အစောင့်ရဲနှစ်ဦးနှင့် BGF တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဇန်နဝါရီ ၁၀) နေ့လယ် ၁ နာရီ ၄၀ ခန့်က ဘားအံစက်မှုဇုံအကျော်ရှိ ထိဖိုးကလုံးက စစ် ဆေးရေးဂိတ်တွင် ကားတစ်စီးမှ ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ဖော်ပြသည်။

“အဲဂိတ်ကရဲတွေရော လမ်းကြေးကောက်တဲ့ကောင်တွေရော အကြောတင်းတွေ။ ဖြစ်သင့်တာကြာပြီ။ ငါ-ုးချင်းမိုးမွှန်အောင်ဆဲတဲ့ ကောင်တွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နေ့လယ် ၂ နာရီခ့ကလည်း ဘားအံမြို့ပေါ်ရှိ ပြည်နယ်စည်ပင်ရုံး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်များနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းများ၏လက်ချက်ဖြစ်သည်ဆိုခြင်းကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook