Connect with us

Hi, what are you looking for?

News

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်ကို လွန်စွာစိတ်ပျက်ကြောင်း NUG ကြေညာ

ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အရေးတို့နှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ထုတ်ပြန်သင့်ပြီး ထိုသို့မဟုတ်ပါက ဝန်ကြီးချုပ်ဟွန်ဆန်သည်လည်း မင်းအောင်လှိုင်၏ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရသူ တစ်ဦးအနေဖြင့်သာ ပြည်သူက သတ်မှတ်လိမ့်မည်ဟု NUG က ဆိုသည်။

လာမည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး NUG ကို ဖိတ်ကြားရန် တိုက်တွန်း

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစု၏ ထောက်ခံမှုမပါဘဲ လူမျိုးရေးသတ်ဖြတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုကို လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ NUG က ထုတ်ပြန် ကြေညာသည်။

ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည့် NUG ၏ သဘောထားကြေညာချက်၌ ဟွန်ဆန်၏ခရီးစဉ် သည် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို သွေဖယ်ကြောင်းနှင့် အာဆီယံအဖွဲ့ကြီး၏ စည်းလုံးမှု၊ အခွင့်အာဏာကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ဖော်ပြသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်ဟွန်ဆန်သည် နေပြည်တော်သို့ ၂ ရက်ကြာလာရောက်ကာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့မှုအပေါ် NUG က လွန်စွာစိတ်ပျက်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အရေးတို့နှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ထုတ်ပြန်သင့်ပြီး ထိုသို့မဟုတ်ပါက ဝန်ကြီးချုပ်ဟွန်ဆန်သည်လည်း မင်းအောင်လှိုင်၏ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရသူ တစ်ဦးအနေဖြင့်သာ ပြည်သူက သတ်မှတ်လိမ့်မည်ဟု NUG က ဆိုသည်။

ထို့အပြင် အာဆီယံသည် လက်ရှိတွင် မည်သည့်လမ်းကိုရွေးချယ်ရန်မှာ အရေးကြီးနေပြီး လာမည့် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တွင် ကမ္ဘောဒီယားနိုင်ငံ Seam Reap မြို့၌ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ NUG ကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ရန် ဖိတ်ကြား နိုင်ရေးကို အကောင်အထည်ဖော်ရမည်ဟု တိုက်တွန်းသည်။

NUG သည် ဘုံသဘောတူညီချက် (၅) ချက်နှင့်အညီ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရန်၊ အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံတွင် အကူအညီ လိုအပ်နေသူအားလုံးကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး ပံ့ပိုးပေးနိုင်ရန်တို့ကို အာဆီယံနှင့်အတူ ဆက်လက်ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ကတိပြုကြောင်း ထုတ်ပြန်သည်။

ယင်းနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်စသည်တို့က အသိအမှတ်ပြုထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် NUG ခေါင်းဆောင်များနှင့် လူချင်းတွေ့ဆုံမှုများက အာဆီယံက အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဟုလည်း NUG တိုက်တွန်း သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။