Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ဆက်လက်ဖိအားပေးမည်ဟု ကန်သံအမတ်ကြီးပြော

စင်ကာပူနိုင်ငံသူ Dr. Noeleen Heyzer သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာလလယ်တွင် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မရသေးပေ။

ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံပြန်လည်ရောက်ရှိရေးအတွက် ဖိအားပေးရန် နိုင်ငံတကာ အသိုင်းအဝန်းနှင့်အတူ အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ပြောသည်။

အထက်ပါ အမေရိကန်သံအမတ်ကြီးသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer နှင့် အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ သည်။

အမေရိကန်သံအမတ်ကြီးက အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး၊ ဘေးကင်း လုံခြုံရေးနှင့် လူသားချင်းစာနာမှုအကူအညီများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဝင်ခွင့်ပြု ရေးအတွက်လည်း ကုလအထူးကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ကုလအထူးကိုယ်စားလှယ် Dr. Noeleen Heyzer သည် မြန်မာနိုင်ငံတွင် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စင်ကာပူနိုင်ငံသူ Dr. Noeleen Heyzer သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာလလယ်တွင် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။