Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ဆက်လက်ဖိအားပေးမည်ဟု ကန်သံအမတ်ကြီးပြော

စင်ကာပူနိုင်ငံသူ Dr. Noeleen Heyzer သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာလလယ်တွင် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မရသေးပေ။

ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံပြန်လည်ရောက်ရှိရေးအတွက် ဖိအားပေးရန် နိုင်ငံတကာ အသိုင်းအဝန်းနှင့်အတူ အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ပြောသည်။

အထက်ပါ အမေရိကန်သံအမတ်ကြီးသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer နှင့် အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ သည်။

အမေရိကန်သံအမတ်ကြီးက အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး၊ ဘေးကင်း လုံခြုံရေးနှင့် လူသားချင်းစာနာမှုအကူအညီများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဝင်ခွင့်ပြု ရေးအတွက်လည်း ကုလအထူးကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ကုလအထူးကိုယ်စားလှယ် Dr. Noeleen Heyzer သည် မြန်မာနိုင်ငံတွင် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စင်ကာပူနိုင်ငံသူ Dr. Noeleen Heyzer သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာလလယ်တွင် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။