Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့တွင်ပြည်သူ့ပစ္စည်းဖောက်ထွင်းခိုးယူသူများအတွက်အသက်အာမခံချက်မရှိဟု KNDFသတိပေး

စွန့်ခွာချန်ထားခဲ့သော အိုးအိမ်နေရာများကိုကာကွယ်စောင့်ရှောင့်ရမည်မှာ မိမိတို့ရဲဘော်များ၏ တာဝန်ဖြစ်၍ တတ်စွမ်းသမျှ ကာကွယ်သွားမည်ဟု KNDF က ကတိပြုသည်။

(လွိုင်​ကော်မြို့မှ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်​ဘေးဒုက္ခသည်အချို့နှင့် မြို့တွင်းတစ်​နေရာ။ ဓါတ်ပုံ-KNDF)

ပြည်သူအများစုစစ်ဘေးရှောင်နေရသော လွိုင်ကော်မြို့တွင် ဖောက်ထွင်းခိုးယူမှုများ ပြုလုပ်နေသည့် သူခိုးအဖွဲ့များအတွက် အသက်အာမခံချက် မရှိကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က ယနေ့ (ဇန်နဝါရီ ၁၁ ရက်)က သတိပေးလိုက်သည်။

ပြည်သူများအနေဖြင့် စစ်ရှောင်ရသောအခါတွင်အရေးကြီးသော စာရွက်စာတမ်းအဖိုးတန်ပစ္စည်းများကိုသေသေချာချာသိမ်းထုတ်ယူဆောင်သွားကြရန်လည်း တိုက်တွန်းသည်။

(လွိုင်​ကော်မြို့မှ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်​ဘေးဒုက္ခသည်အချို့နှင့် မြို့တွင်းတစ်​နေရာ။ ဓါတ်ပုံ-KNDF)

စွန့်ခွာချန်ထားခဲ့သော အိုးအိမ်နေရာများကိုကာကွယ်စောင့်ရှောင့်ရမည်မှာ မိမိတို့ရဲဘော်များ၏ တာဝန်ဖြစ်၍ တတ်စွမ်းသမျှ ကာကွယ်သွားမည်ဟု KNDF က ကတိပြုသည်။

လက်ရှိ မသမာသူ သူခိုးများ၏ လှုပ်ရှားသောသတင်းရရှိပါကလည်းKNDFရဲဘော်များအား အမြန်ဆုံး ဆက်သွယ်ပေးရန်မေတ္တာရပ်ခံသည်။လက်ပူးလက်ကြပ် တွေ့ရှိပါက အသက်အာမခံချက်ရှိမည်မဟုတ်ဘဲ ထိရောက်စွာအရေးယူမည်ဟုလည်း ထပ်ဆင့်သတိပေးသည်။

Public Service Announcement

Public Service Announcement

“နေရာတိုင်းမှာ အချောင်သမား တွေရှိနေသေးတာပါပဲ။ပစ္စည်းတွေကို သူလိုလို ငါလိုလို ဝင် ဝင်မ တာပေါ့။အဓိကတော့ မိုင်းလုံး တို့ ပန်ကန်း ဘက်တွေ က အဖြစ်များတယ်။မြို့ထဲ လည်း အဲဒီလို ဝင်ခိုးနေတာတွေ ရှိနေတယ်လို့ သိရတယ်”ဟု လွိုင်ကော်မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၇ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ လွိုင်ကော်မြို့တွင်း ထိုးစစ်ဆင်ခဲ့သောကြောင့် မြို့နေလူထု သောင်းနှင့်ချီ၍ ရန်ကုန် အပါအဝင် နီးစပ်ရာ မြို့များသို့ အရေးပေါ်စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။