Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးဖြေရှင်းရန် အသေအချာလုပ်ဆောင်မည်ဟု ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ နော်ဝေထုတ်ပြန်

“စစ်ကောင်စီက နိုင်ငံရေးပြိုင်ဘက်တွေ အသံမထွက်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုကွဲအောင် တရားစီရင်ရေးစနစ်ကို အသုံးချနေတယ်” ဟု Anniken Huitfeldt က ဆက်ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးခြင်းအပေါ် ရှုတ်ချ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ တာဝန်ယူစဉ်ကာလအတွင်း မြန်မာ့အရေး ဖြေရှင်းရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် အသေအချာလုပ်ဆောင်သွားမည်ဟု နော်ဝေအစိုးရက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီ က ထောင်ဒဏ်ထပ်မံချမှတ်မှုအပေါ်ရှုတ်ချကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောသည်။

“စစ်ကောင်စီက နိုင်ငံရေးပြိုင်ဘက်တွေ အသံမထွက်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုကွဲအောင် တရားစီရင်ရေးစနစ်ကို အသုံးချနေတယ်” ဟု Anniken Huitfeldt က ဆက်ပြော ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှု ၁ နှစ်နီးပါးရှိလာချိန်တွင် ပြီးခဲ့သည့် ၁ နှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်းနယ်ပယ်အားလုံး သိသာစွာဆိုးရွားခဲ့ကြောင်းနှင့် အရပ်သားပြည်သူများ ခံစားနေရမှုများကို လွန်စွာစိုးရိမ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“စစ်တပ်ဦးဆောင်မှုပိုင်းက နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွတ်ပေးဖို့၊ ဒီမိုကရေစီအင်စတီ ကျူးရှင်းတွေ၊လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀လေးစားဖို့ ကျွန်မ ထပ်လောင်းတောင်းဆိုပါတယ်။ နောက်ပြီး စစ်တပ်ခေါင်းဆောင်ပိုင်းက အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကို ပူးပေါင်းပါဝင်ဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကျွန်မတို့တောင်းဆိုပါတယ်” ဟု Anniken Huitfeldt က ဆက်ပြောသည်။

ထို့အပြင် နော်ဝေသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌတာဝန်ကို ယခု ဇန်နဝါရီ လတွင် ထမ်းဆောင်မည်ဖြစ်ပြီး ဥက္ကဌတာဝန်ယူစဉ်တွင် မြန်မာ့အရေးဆွေးနွေးပွဲကို ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကောင်စီ၏ ညီညွတ်သောတုံ့ပြန်မှု တိုးမြှင့်ရေးအတွက် အဖွဲ့ဝင်နိုင် ငံများနှင့်အတူ ဆက်လက်လုပ်ဆောင်မည်ဟု နော်ဝေက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို