Connect with us

Hi, what are you looking for?

News

တကူတိုက်နယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်သား အနည်းဆုံးနှစ်ဦးသေဆုံးဟု ဘက်မလိုက်ပြောက်ကြားတပ်ဖွဲ့ ထုတ်ပြန်

“ဒီလ ၁၀ ရက် ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။တကူသံတိုက် ၊လှေဆိပ် နဲ့ ကျားခေါင်းတောင် တို့မှာ ဖြစ်တာ။မိုင်းဆွဲတာရော ထိတွေ့ တိုက်ပွဲရော “ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် တကူတိုက်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ရာ စစ်ကောင် စီတပ်သား အနည်းဆုံးနှစ်ဦး သေဆုံးဟု ဘက်မလိုက်ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒီလ ၁၀ ရက် ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။တကူသံတိုက် ၊လှေဆိပ် နဲ့ ကျားခေါင်းတောင် တို့မှာ ဖြစ်တာ။မိုင်းဆွဲတာရော ထိတွေ့ တိုက်ပွဲရော “ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပြောက်ကြားစစ်ဖြင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်ကင်းခဲ့သည်ဟုလည်း ၎င်း ကဆိုသည်။

တကူတိုက်နယ်တွင် အကြမ်းဖက်စစ်ကောင် စီ၏ လက်နက် ကြီး၊ငယ် ပစ်ခတ်မှု ဖမ်းဆီးမှု များအချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် စစ်ရေးသတိကြီးစွာ ရှိရန်လည်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ ရက်က တကူကျေးရွာရဲစခန်းကို ​ ဘက်မလိုက် ​ပြောက်ကြားအဖွဲ့က ဝင်ရောက်စီးနင်းကာ ဖျက်ဆီးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တကူကျေးရွာသို့လာစဥ် အသုံးပြုခဲ့သော ဆိုင်ကယ်ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် တကူကမ်းနားရှိ စစ်တပ်ပိုင် စက်လှေတစ်စင်းနှင့် စက်နှစ်လုံးကို ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။