Connect with us

Hi, what are you looking for?

LuduNwayOo

News

တကူတိုက်နယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်သား အနည်းဆုံးနှစ်ဦးသေဆုံးဟု ဘက်မလိုက်ပြောက်ကြားတပ်ဖွဲ့ ထုတ်ပြန်

“ဒီလ ၁၀ ရက် ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။တကူသံတိုက် ၊လှေဆိပ် နဲ့ ကျားခေါင်းတောင် တို့မှာ ဖြစ်တာ။မိုင်းဆွဲတာရော ထိတွေ့ တိုက်ပွဲရော “ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် တကူတိုက်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ရာ စစ်ကောင် စီတပ်သား အနည်းဆုံးနှစ်ဦး သေဆုံးဟု ဘက်မလိုက်ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒီလ ၁၀ ရက် ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။တကူသံတိုက် ၊လှေဆိပ် နဲ့ ကျားခေါင်းတောင် တို့မှာ ဖြစ်တာ။မိုင်းဆွဲတာရော ထိတွေ့ တိုက်ပွဲရော “ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပြောက်ကြားစစ်ဖြင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်ကင်းခဲ့သည်ဟုလည်း ၎င်း ကဆိုသည်။

တကူတိုက်နယ်တွင် အကြမ်းဖက်စစ်ကောင် စီ၏ လက်နက် ကြီး၊ငယ် ပစ်ခတ်မှု ဖမ်းဆီးမှု များအချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် စစ်ရေးသတိကြီးစွာ ရှိရန်လည်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ ရက်က တကူကျေးရွာရဲစခန်းကို ​ ဘက်မလိုက် ​ပြောက်ကြားအဖွဲ့က ဝင်ရောက်စီးနင်းကာ ဖျက်ဆီးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တကူကျေးရွာသို့လာစဥ် အသုံးပြုခဲ့သော ဆိုင်ကယ်ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် တကူကမ်းနားရှိ စစ်တပ်ပိုင် စက်လှေတစ်စင်းနှင့် စက်နှစ်လုံးကို ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။