Connect with us

Hi, what are you looking for?

News

မုံရွာတွင် ခိုးဆိုးလုယက်​သူသုံးဦးကို မြို့ပြ​ပျောက်ကျားအဖွဲ့က ဖမ်းဆီးအ​ရေးယူ

ဖမ်းဆီးရမိသူ၃ဦးကို ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ခိုးယူသည့်အတွက်၎င်းလူငယ်၃ဦးကို ထိုက်သင့်သောပြစ်ဒဏ်ပေး၍ ကျန်ရှိသောလူငယ်များကို ဆက်လက်ဖမ်းဆီးပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း Monywa Satanအဖွဲ့က အသိပေးသည်။

ဓာတ်ပုံ-Monywa Satan

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ပြည်သူများ၏ ပစ္စည်းများအား ခိုးယူလုယက်ပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာနေသည့် အမျိုးသားသုံးဦးအား မြို့ပြပျောက်ကြားအဖွဲ့တစ်ခုမှ ဖမ်းဆီးနိုင်ခဲ့သည်။

မုံရွာမြို့ စက်မှုဇုန်တွင် ညစဉ် ခိုးယူလုယက်ယုံသာမက အိမ်ရှင်များကိုဓားထောက်၊လူပြတ်သည့်နေရာများတွင် အသက်အန္တရာယ်ပေးနေသည့် ခိုးဆိုးလုနှိုက်အဖွဲ့ထဲမှ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း Monywa Satan အဖွဲ့က ထုတ်ပြန် သည်။

ခိုးဆိုးလုယက်​နေပြီးဖမ်းဆီးရမိသော၃ ဦးမှာလူငယ်များဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ခိုးဆိုးလုယက်သူများဖြစ်ကြောင်းဝန်ခံခဲ့သည်။၎င်းတို့နှင့်အတူဖမ်းမိ​သော သက်သေခံပစ္စည်းများသည် ဆိုင်ကယ်ခိုးယူရန်အတွက် ယူဆောင်လာ​သောပစ္စည်းများဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့်တွေ့လျှင် လူကိုပြန်လွှတ်ပေး၍ ပစ္စည်းများသိမ်းဆည်းကြောင်း ဝန်ခံပြောကြားသည်ဟု Monywa Satanအဖွဲ့၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

“ခေတ်ကာလ မကောင်းတာကို အခွင့်ကောင်းယူပြီး ညအချိန် လိုက်ခိုးတယ်။အိမ်ရှင်တွေနိုးလာရင် ဓားနဲ့ထောက် အနုကြမ်းစီးတယ်။ လူပြတ်တဲ့လမ်းတွေမှာဆိုင်ကယ်စီးလာတဲ့သူတွေကို ရိုက်နှက် ဓားနဲ့ခုတ်ပြီး ဖုန်း၊ရွှေ၊ငွေ ဆိုင်ကယ်တွေ လုယက် ဓားပြတိုက်တယ်လို့ ဝန်ခံတယ်။ရဲသားစစ်သားတွေနဲ့ တွေ့ရင်လည်း ပစ္စ​ည်းသိမ်းပြီး အရေးမယူဘဲပြန်လွှတ်ပေးတယ်လို့ ထွက်ဆိုတယ်။”ဟု Monywa Satanအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသူ၃ဦးကို ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ခိုးယူသည့်အတွက်၎င်းလူငယ်၃ဦးကို ထိုက်သင့်သောပြစ်ဒဏ်ပေး၍ ကျန်ရှိသောလူငယ်များကို ဆက်လက်ဖမ်းဆီးပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း Monywa Satanအဖွဲ့က အသိပေးသည်။

မုံရွာမြို့တွင် ခိုးဆိုးလုနိူက်များကြောင့် လူသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း မုံရွာမြို့ မြဝတီရပ်နေ အသက် ၁၇နှစ်အရွယ် ငြိမ်းခန့်ကျော်(ခ)ဝတုတ်ဆိုသူ လူငယ်တစ်ဦးသည် ၎င်းထံဆိုင်ကယ်ဝယ်မည်ဟုချိန်းဆိုသောကြောင့် ဆုံကုန်းရွာသုဿန်သို့သွားရောက်စဥ် ထိုသုဿန်၌ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၂ ချက်နှင့်အတူ အသတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။