Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘုတလင်မြို့နယ်တွင် ​တော်လှန်​ရေးရဲ​​​ဘော်တစ်ဦး မိုင်းမ​တော်တဆဖြစ်၍ ကျဆုံး

ရဲဘော်ပီကေ၏ ပေးဆပ်မှုသည် အလဟဿမဖြစ်စေရဘဲ ပြည်သူအတွက် ရဲဘော်ပီကေကိုယ်စား အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ ကတိသစ္စာပြုအပ်ပါသည်ဟု အသိပေးထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် မိုင်းပေါက်ကွဲ၍ အာဏာရှင်တော်လှန်ရေး လူငယ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ပြည်သူနှင့်နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့သည်။

ဇန်နဝါရီလ ၁၁ ရက် ညပိုင်း​က အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲကာ ခုခံတိုက်ခိုက်ရန် ရဲဘော်ပီကေတို့နှစ်ဦး ပြင်ဆင်နေချိန် ကားတစ်စီးလာ၍ လမ်းပေါ်မှ ပြေးဆင်းစဥ် မတော်တဆပေါက်ကွဲကာ ရဲဘော်ပီကေ ဦးခေါင်းထိမှန်၍ ကျဆုံးခဲ့ရကြောင်း၊ အခြားရဲဘော်မှာ လွတ်မြောက်ခဲ့ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ သတင်းထုတ်ပြန်သည်။

အာဏာရှင်စနစ်ကိုတွန်းလှန်ရင်း တိုင်းပြည်အတွက်အသက်ပေးခဲ့သော ရဲဘော်ပီကေသည် တာဝန်ကျေခဲ့ကြောင်း၊ ရဲဘော်ပီကေအတွက် မိသားစု၊ တိုင်းသူပြည်သားများနှင့်အတူ မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ အထူးပင်ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရဲဘော်ပီကေ၏ ပေးဆပ်မှုသည် အလဟဿမဖြစ်စေရဘဲ ပြည်သူအတွက် ရဲဘော်ပီကေကိုယ်စား အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှ ကတိသစ္စာပြုအပ်ပါသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ဇန်နဝါရီလ၁၁ရက်နေ့ည၁၂နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်များရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။