Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ရေစကြိုမြို့နယ် လှေခုတ်ရွာကို ဝင်​ရောက်ဖျက်ဆီးသွား

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညက လှေခုတ်တွင် ညအိပ်စခန်းချခဲ့ပြီး ယနေ့(ဇန်နဝါရီလ ၁၃ ရက်နေ့)နံနက် ၇ နာရီခန့်၌ ရွာမှထွက်ခွာသွားကာ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့၊ ဖူလုံကျေးရွာရှိ ၂၅၈ တပ်ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ယနေ့နံနက်ပိုင်းက စစ်တပ်ထွက်ခွာသွားပြီးနောက် လှေခုတ်ကျေးရွာအတွင်းမြင်ကွင်းများ)

မကွေးတိုင်း ရေစကြိူမြို့နယ် ရေလယ်ကျွန်းကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ရာ လှေခုတ်ရွာအတွင်း ဝင်ရောက်ဖျက်ဆီးမီးရှိူ့မှူများ ပြုလုပ်သွားကြောင်းဒေသခံများက ပြောသည်။

(ယနေ့နံနက်ပိုင်းက စစ်တပ်ထွက်ခွာသွားပြီးနောက် လှေခုတ်ကျေးရွာအတွင်းမြင်ကွင်းများ)

အကြမ်းဖက်စစ်ကောင်စီသည် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်​နေရာ ရေလယ်ကျွန်းဒေသကျေးရွာတစ်ရွာဖြစ်သော လှေခုတ်ရွာသို့ ဝင်ရောက်၍ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ အိမ်များမှပစ္စည်းများကို မွှေနှောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများအား ခိုးယူခြင်း၊ အရက်​​သေစာများသောက်စားခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

(ယနေ့နံနက်ပိုင်းက စစ်တပ်ထွက်ခွာသွားပြီးနောက် လှေခုတ်ကျေးရွာအတွင်းမြင်ကွင်းများ)

“စစ်တပ်နဲ့အတူ ဒလန်တွေကော ပျူတွေကောပါတယ်။ လှေခုတ်ရွာမှာ ညအိပ်စခန်းချပြီး ခုလိုလုပ်သွားတာ”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

(ယနေ့နံနက်ပိုင်းက စစ်တပ်ထွက်ခွာသွားပြီးနောက် လှေခုတ်ကျေးရွာအတွင်းမြင်ကွင်းများ)

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညက လှေခုတ်တွင် ညအိပ်စခန်းချခဲ့ပြီး ယနေ့(ဇန်နဝါရီလ ၁၃ ရက်နေ့)နံနက် ၇ နာရီခန့်၌ ရွာမှထွက်ခွာသွားကာ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့၊ ဖူလုံကျေးရွာရှိ ၂၅၈ တပ်ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေလယ်ကျွန်းဒေသ ကျေးရွာများသို့ အင်အား ၅၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးခဲ့သည်။

ထိုနေ့မှာပင်ရေယှားကျေးရွာနှင့် လှေခုတ်ကျေးရွာကြားသို့ ညနေ ၃ နာရီ၀န်းကျင် အချိန်ခန့်တွင် ရောက်ရှိလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MG.6 ပြောက်ကျားတပ်(မြင်းခြံ)နှင့် YLKပြောက်ကျားတပ်(YSO)မဟာမိတ်နှစ်ဖွဲ့ကဦးစီးသည့်ဒေသကာကွယ်ရေးအဖွဲ့များနှင့်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ယနေ့နံနက်ပိုင်းက စစ်တပ်ထွက်ခွာသွားပြီးနောက် လှေခုတ်ကျေးရွာအတွင်းမြင်ကွင်းများ)

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များအများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PDFအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။