Connect with us

Hi, what are you looking for?

News

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

ကမ္ဘောဒီးယားသည် ယခုနှစ် ၂၀၂၂ ၏ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်စတင်ထမ်း ဆောင်ချိန်တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ခရီးစဉ်မတိုင်မီ အာဆီယံခေါင်းဆောင်များ၏ အကြံဉာဏ်ရယူသင့်ကြောင်းပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ တစ်ဦးတည်းဆန္ဒဖြင့်သွားရောက်ခဲ့သည့် နေပြည်တော်ခရီးစဉ်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullahက ဝေဖန်လိုက်ပြီး ခရီးစဉ်မတိုင်ခင် အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်ရယူသင့်ကြောင်း ပြောကြားသည်။

မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့မှုသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ သဘောဆန္ဒသာဖြစ်ပြီး အာဆီယံအဖွဲ့အစည်း၏ သဘောတူညီချက်မပါဘဲ မြန်မာ့ အရေးနှင့်ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအကြား သဘောထားဆက်လက်ကွဲလွဲနေခြင်း ဖြစ်သည်။

“သူ(ဟွန်ဆန်)ဘာပြောသင့်လဲဆိုတာ အာဆီယံခေါင်းဆောင်အားလုံးမဟုတ်တောင် ညီနောင် ခေါင်းဆောင် အချို့နဲ့ အကြံဉာဏ်ယူဆွေးနွေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တာပါ” ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး က ယနေ့(ဇန်နဝါရီ ၁၄ ရက်) သတင်းထောက်များကို ပြော သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “ဒါက သူ့ကို ဆရာလုပ်ဖို့ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် အာဆီယံဥက္ကဌတွေ ဟာ သိသာထင်ရှားမှု တစ်ခုခုလုပ်တော့မယ်ဆိုရင် အခြားခေါင်းဆောင်တွေနဲ့ အချိန်မရွေး တိုင်ပင်ကြပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ဆက်ပြောသည်။

ကမ္ဘောဒီးယားသည် ယခုနှစ် ၂၀၂၂ ၏ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်စတင်ထမ်း ဆောင်ချိန်တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။

အကြမ်းဖက်မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၁ နှစ်နီးပါးအတွင်း အဆိုပါကမ္ဘောဒီးယားဝန်ကြီးချုပ်က နေပြည်တော်သို့လာရောက်သော ပထမဆုံးပြည်ပခေါင်းဆောင်ဖြစ်သည်။

ဟွန်ဆန်ကိုယ်တိုင်သည်လည်း သွေးထွက်သံယိုပြည်တွင်းစစ်အပြီး ကမ္ဘောဒီးယားကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင်တစ်ဦးဖြစ်သည်။

ထို့အပြင် မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်သည် အာဆီယံက ချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသဖြင့် ၎င်းကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို တက်ရောက်ခွင့်မရခဲ့ပေ။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို တိုးတက်မှုမဖော်ဆောင်နိုင်ပါက လာမည့်အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးရန် ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။