Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

ကမ္ဘောဒီးယားသည် ယခုနှစ် ၂၀၂၂ ၏ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်စတင်ထမ်း ဆောင်ချိန်တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ခရီးစဉ်မတိုင်မီ အာဆီယံခေါင်းဆောင်များ၏ အကြံဉာဏ်ရယူသင့်ကြောင်းပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ တစ်ဦးတည်းဆန္ဒဖြင့်သွားရောက်ခဲ့သည့် နေပြည်တော်ခရီးစဉ်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullahက ဝေဖန်လိုက်ပြီး ခရီးစဉ်မတိုင်ခင် အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်ရယူသင့်ကြောင်း ပြောကြားသည်။

မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့မှုသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ သဘောဆန္ဒသာဖြစ်ပြီး အာဆီယံအဖွဲ့အစည်း၏ သဘောတူညီချက်မပါဘဲ မြန်မာ့ အရေးနှင့်ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအကြား သဘောထားဆက်လက်ကွဲလွဲနေခြင်း ဖြစ်သည်။

“သူ(ဟွန်ဆန်)ဘာပြောသင့်လဲဆိုတာ အာဆီယံခေါင်းဆောင်အားလုံးမဟုတ်တောင် ညီနောင် ခေါင်းဆောင် အချို့နဲ့ အကြံဉာဏ်ယူဆွေးနွေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တာပါ” ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး က ယနေ့(ဇန်နဝါရီ ၁၄ ရက်) သတင်းထောက်များကို ပြော သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “ဒါက သူ့ကို ဆရာလုပ်ဖို့ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ များသောအားဖြင့် အာဆီယံဥက္ကဌတွေ ဟာ သိသာထင်ရှားမှု တစ်ခုခုလုပ်တော့မယ်ဆိုရင် အခြားခေါင်းဆောင်တွေနဲ့ အချိန်မရွေး တိုင်ပင်ကြပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ဆက်ပြောသည်။

ကမ္ဘောဒီးယားသည် ယခုနှစ် ၂၀၂၂ ၏ အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်စတင်ထမ်း ဆောင်ချိန်တွင် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။

အကြမ်းဖက်မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၁ နှစ်နီးပါးအတွင်း အဆိုပါကမ္ဘောဒီးယားဝန်ကြီးချုပ်က နေပြည်တော်သို့လာရောက်သော ပထမဆုံးပြည်ပခေါင်းဆောင်ဖြစ်သည်။

ဟွန်ဆန်ကိုယ်တိုင်သည်လည်း သွေးထွက်သံယိုပြည်တွင်းစစ်အပြီး ကမ္ဘောဒီးယားကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင်တစ်ဦးဖြစ်သည်။

ထို့အပြင် မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်သည် အာဆီယံက ချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသဖြင့် ၎င်းကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို တက်ရောက်ခွင့်မရခဲ့ပေ။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို တိုးတက်မှုမဖော်ဆောင်နိုင်ပါက လာမည့်အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးရန် ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။