ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် နယ်စပ်ကျေးရွာပေါ်သို့ မြန်မာဘက်မှ လက်နက်ကြီးကျည်နှင့်ဗုံးများကျရောက်ပြီးနောက် ထိုင်းစစ်တပ်က သတိပေးပစ်ဖောက်ခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးက Bangkok Post သတင်းဌာနကို ပြောသည်။
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲပြင်းထန်လာမှု သည် ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီခရိုင်အတွင်း ဇန်နဝါရီ ၁၂ ညပိုင်းကတည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
မြန်မာစစ်တပ်သည် စစ်ကူများနှင့် စားနပ်ရိက္ခာလမ်းကြောင်းပြန်ပွင့်ရန် Ban Pha Loo Noi အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ယင်း တိုက်ပွဲများကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်နယ်စပ်အနီးရှိ ဒေသခံကျေးရွာသားများသည် ၎င်းတို့ လုံခြုံရေးအတွက် ကတုတ်ကျင်းထဲသို့ ပုန်းခိုခဲ့ရသည်။
ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်)နံနက်ပိုင်းတွင် ထိုင်းပိုက်နက်အတွင်းသို့ လက်နက်ကြီးကျည်နှင့် ဗုံးများ ကျရောက်ခဲ့ပြီး ဒေသခံများသည် ကတုတ်ကျင်းများသို့ ထပ်မံပုန်းခိုခဲ့ရသည်။

Public Service Announcement
ယင်းနောက် ထိုင်းအမှတ်(၁၄) ခြေလျင်တပ်ဖွဲ့ စစ်သားများက မြန်မာဘက်သို့ မီးခိုးအမြှောက်ပစ်ဖောက်ကာ သတိပေးတုံ့ပြန်ခဲ့သည်ဟုဆိုသည်။
မြန်မာဒုက္ခသည် ၁,၈၁၈ ဦးသည်လည်း ထိုင်းဘက်ခြမ်း၌ ယာယီတဲများဖြင့် ဆက်လက်ရှိနေထိုင် ရဆဲဖြစ်ပြီး ဆယ်စုနှစ်လေးခုနီးပါးအတွင်း ဒုက္ခသည်စခန်း ၉ ခုတွင် လူပေါင်း ၁၀၀၀၀၀ ခန့် ပြောင်းရွှေ့နေထိုင်နေရသည်။
ကိုးကား – Bangkok Post


















































