Connect with us

Hi, what are you looking for?

LuduNwayOo

News

လက်နက်ကြီးကျည်နှင့် ဗုံးများကျရောက်သဖြင့် ထိုင်းစစ်တပ်က မြန်မာဘက်သို့ ပြန်လည်ပစ်ဖောက်သတိပေး

မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲပြင်းထန်လာမှု သည် ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီခရိုင်အတွင်း ဇန်နဝါရီ ၁၂ ညပိုင်းကတည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

(ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မယ်တောင် လမ်းမကြီးပေါ်တွင် ထိုင်းစစ်တပ်မှ တင့်ကားများဖြတ်သန်းသွားလာ​နေသည်ကို ၂၀၂၁ ဒီဇင်ဘာ ၁၇ရက်က တွေ့ရစဉ် ၊ဓာတ်ပုံ - CJ)

ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် နယ်စပ်ကျေးရွာပေါ်သို့ မြန်မာဘက်မှ လက်နက်ကြီးကျည်နှင့်ဗုံးများကျရောက်ပြီးနောက် ထိုင်းစစ်တပ်က သတိပေးပစ်ဖောက်ခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးက Bangkok Post သတင်းဌာနကို ပြောသည်။

မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲပြင်းထန်လာမှု သည် ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီခရိုင်အတွင်း ဇန်နဝါရီ ၁၂ ညပိုင်းကတည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြန်မာစစ်တပ်သည် စစ်ကူများနှင့် စားနပ်ရိက္ခာလမ်းကြောင်းပြန်ပွင့်ရန် Ban Pha Loo Noi အနီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ယင်း တိုက်ပွဲများကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်နယ်စပ်အနီးရှိ ဒေသခံကျေးရွာသားများသည် ၎င်းတို့ လုံခြုံရေးအတွက် ကတုတ်ကျင်းထဲသို့ ပုန်းခိုခဲ့ရသည်။

ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်)နံနက်ပိုင်းတွင် ထိုင်းပိုက်နက်အတွင်းသို့ လက်နက်ကြီးကျည်နှင့် ဗုံးများ ကျရောက်ခဲ့ပြီး ဒေသခံများသည် ကတုတ်ကျင်းများသို့ ထပ်မံပုန်းခိုခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယင်းနောက် ထိုင်းအမှတ်(၁၄) ခြေလျင်တပ်ဖွဲ့ စစ်သားများက မြန်မာဘက်သို့ မီးခိုးအမြှောက်ပစ်ဖောက်ကာ သတိပေးတုံ့ပြန်ခဲ့သည်ဟုဆိုသည်။

မြန်မာဒုက္ခသည် ၁,၈၁၈ ဦးသည်လည်း ထိုင်းဘက်ခြမ်း၌ ယာယီတဲများဖြင့် ဆက်လက်ရှိနေထိုင် ရဆဲဖြစ်ပြီး ဆယ်စုနှစ်လေးခုနီးပါးအတွင်း ဒုက္ခသည်စခန်း ၉ ခုတွင် လူပေါင်း ၁၀၀၀၀၀ ခန့် ပြောင်းရွှေ့နေထိုင်နေရသည်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။