Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ

ပျူစောထီးအလောင်းများအား ကောက်ပြန်လာသောအကြမ်းဖက်စစ်ကောင်စီ၏ Faw ကားနှင့်ဆိုင်ကယ်၅ စီးကိုလည်း အရာတော်မြို့နယ်၊ ဇရစ်ကျကျေးရွာနှင့် မြေနက်ကျေးရွာအကြား ဝက်လက် PDF တပ်ရင်း(၁)နှင့် ဗိုလ်ယက္ခအဖွဲ့မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးကျဆုံးနိုင်ကြောင်း ဝက်လက်PDF တပ်ရင်း(၁)မှ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တပ်ရင်း၁) က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ည ၁၁း၃၀ အချိန်က စစ်ကိုင်းမှ ရွှေဘိုဘက်သို့လာသော ကား ၄စီးပါအကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း ၁ မှ ရှေ့ထွက်မိုင်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း၊ ညအချိန်ဖြစ်သည့်အတွက် အကျအဆုံးမသိရကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တပ်ရင်း၁)က ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ၊ ( ၁၀ ) ရက်နေ့ ညနေ ၅း၃၀ အချိန်ခန့်ကလည်း ဝက်လက်မြို့နယ် အတွင်းသို့ ရိက္ခာပို့ရန် ‌ငွေတွင်းကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ၏‌ ထောက်တိုင်ဖြစ်သော ပျူစောထီး ထောက်ပို့ယာဥ် ( CANDA – 4G/4858 ) တစ်စီးအား ဝက်လက်မြို့နယ် အနောက်ခြမ်း ‌ရွှေပန်းကုံးကျေးရွာ နှင့် သမ္မာရိုးကျေးရွာ အကြားတွင် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( တပ်ရင်း – ၁ ) မှ မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ( ၇ ) ဦး သေဆုံးခဲ့သည်။

ပျူစောထီးအလောင်းများအား ကောက်ပြန်လာသောအကြမ်းဖက်စစ်ကောင်စီ၏ Faw ကားနှင့်ဆိုင်ကယ်၅ စီးကိုလည်း အရာတော်မြို့နယ်၊ ဇရစ်ကျကျေးရွာနှင့် မြေနက်ကျေးရွာအကြား ဝက်လက် PDF တပ်ရင်း(၁)နှင့် ဗိုလ်ယက္ခအဖွဲ့မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးကျဆုံးနိုင်ကြောင်း ဝက်လက်PDF တပ်ရင်း(၁)မှ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။