Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၃ ဒသမ၆သန်းခန့်ရရှိ

ငွေတိုက်စာချုပ်မှတစ်ဆင့်ရရှိငွေများသည် ယခင်ကထက် ပိုမိုထိရောက်သော တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဟုလည်း ကြေညာချက်ကဆိုသည်။

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ အ​မေရိကန် ဒေါ်လာ ၃ ဒသမ ၆သန်းခန့်ရောင်းချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၁၅ ရက်) တွင် ကြေညာသည်။

“ကျွန်​တော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းနင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်”ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

၎င်းက ဆက်လက်၍ “ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟသမဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ ကျွန်​တော်တို့လုံးဝ တာဝန်ယူ၊တာဝန်ခံပါတယ်”ဟု ကတိပြုသည်။

ငွေတိုက်စာချုပ်မှတစ်ဆင့်ရရှိငွေများသည် ယခင်ကထက် ပိုမိုထိရောက်သော တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဟုလည်း ကြေညာချက်ကဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေအရ ပွင့်လင်းမြင်သာစွာ အသိပေးချပြနိုင်ခြင် မရှိနိုင်သေးသည်ကိုနားလည်ခွင့်လွှတ်ပေးရန်လည်း NUG က မေတ္တာရပ်ခံသည်။

နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်မှတစ်ဆင့် ဒေါ်လာတစ်ဘီလီယံဖိုးရောင်းချနိုင်ရန် NUG ကစီစဥ်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်၏ အနှောက်အယှက်များကြောင့် ငွေတိုက်စာချုပ်ရောင်းချမှုကို ဒီဇင်ဘာလကုန်အထိ ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထို့နောက် ပြည်ပ နိုင်ငံများတွင်သာမက ပြည်တွင်း၌ပါ KIO၏ ငွေကြေးပို့ဆောင်ရေးစနစ်မှတစ်ဆင့် ဝယ်ယူနိုင်အောင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁ တွင် ပြန်လည်ရောင်းချခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်များကို ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းဖိုး​ရောင်းခဲ့ရသည်။ လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈သန်းရရှိထားသည်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။