Connect with us

Hi, what are you looking for?

News

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၃ ဒသမ၆သန်းခန့်ရရှိ

ငွေတိုက်စာချုပ်မှတစ်ဆင့်ရရှိငွေများသည် ယခင်ကထက် ပိုမိုထိရောက်သော တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဟုလည်း ကြေညာချက်ကဆိုသည်။

နှစ်ပတ်အတွင်း ငွေတိုက်စာချုပ်ရောင်းရငွေ အ​မေရိကန် ဒေါ်လာ ၃ ဒသမ ၆သန်းခန့်ရောင်းချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၁၅ ရက်) တွင် ကြေညာသည်။

“ ကျွန်​တော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းနင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်” ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

၎င်းက ဆက်လက်၍ “ ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟသမဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ ကျွန်​တော်တို့လုံးဝ တာဝန်ယူ၊တာဝန်ခံပါတယ်” ဟု ကတိပြုသည်။

ငွေတိုက်စာချုပ်မှတစ်ဆင့်ရရှိငွေများသည် ယခင်ကထက် ပိုမိုထိရောက်သော တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက်ရှိနေပြီဟုလည်း ကြေညာချက်ကဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေအရ ပွင့်လင်းမြင်သာစွာ အသိပေးချပြနိုင်ခြင် မရှိနိုင်သေးသည်ကိုနားလည်ခွင့်လွှတ်ပေးရန်လည်း NUG က မေတ္တာရပ်ခံသည်။

နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်မှတစ်ဆင့် ဒေါ်လာတစ်ဘီလီယံဖိုးရောင်းချနိုင်ရန် NUG ကစီစဥ်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်၏ အနှောက်အယှက်များကြောင့် ငွေတိုက်စာချုပ်ရောင်းချမှုကို ဒီဇင်ဘာလကုန်အထိ ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထို့နောက် ပြည်ပ နိုင်ငံများတွင်သာမက ပြည်တွင်း၌ပါ KIO၏ ငွေကြေးပို့ဆောင်ရေးစနစ်မှတစ်ဆင့် ဝယ်ယူနိုင်အောင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁ တွင် ပြန်လည်ရောင်းချခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဆက်ဆံရေးဟာ အရမ်း ခိုင်မာအားကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီသူပုန်တွေဆီ ဒုံးကျည် အစိတ်အပိုင်းတွေ မှောင်ခို ပို့ဆောင်ခဲ့သူ တစ်ဦးကို အမေရိကန်မှာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။