Connect with us

Hi, what are you looking for?

News

မဟာအောင်မြေမြို့နယ်လျှစ်စစ်ရုံးရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တစ်ဦးသေ

“ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စခ တစ်ကောင် လှဲကျသွားသည်။ ကျန်တစ်ကောင်မှာ သဲအိတ် ဘန်ကာအောက်သို့ ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လဲကျသွားတာလား အတည်မပြုနိုင်ပါ”ဟု Phoenix အထူးပြောက်ကျားတပ်က ဆိုသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်လျှပ်စစ်မီတာရုံးအစောင့် စစ်ကောင်စီတပ်သားများကို Justic Mandalay People Defense Force (JMPDF)နှင့်အတူ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Phoenix အထူးပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၄)ည ၇ နာရီ ၄၅ တွင် ၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ အစောင့်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

“ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စခ တစ်ကောင် လှဲကျသွားသည်။ ကျန်တစ်ကောင်မှာ သဲအိတ် ဘန်ကာအောက်သို့ ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လဲကျသွားတာလား အတည်မပြုနိုင်ပါ”ဟု Phoenix အထူးပြောက်ကျားတပ်က ဆိုသည်။

ယမန်နေ့ညတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးသည်မှာ သေချာပြီး ကျန်တစ်ဦးမှာ သေဆုံးသွားခြင်းဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

JMPDF နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူကိုအနိုင်ကျင့်သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်းလည်း ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။