Connect with us

Hi, what are you looking for?

LuduNwayOo

News

မဟာအောင်မြေမြို့နယ်လျှစ်စစ်ရုံးရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တစ်ဦးသေ

“ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စခ တစ်ကောင် လှဲကျသွားသည်။ ကျန်တစ်ကောင်မှာ သဲအိတ် ဘန်ကာအောက်သို့ ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လဲကျသွားတာလား အတည်မပြုနိုင်ပါ”ဟု Phoenix အထူးပြောက်ကျားတပ်က ဆိုသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်လျှပ်စစ်မီတာရုံးအစောင့် စစ်ကောင်စီတပ်သားများကို Justic Mandalay People Defense Force (JMPDF)နှင့်အတူ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Phoenix အထူးပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၄)ည ၇ နာရီ ၄၅ တွင် ၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ အစောင့်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

“ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စခ တစ်ကောင် လှဲကျသွားသည်။ ကျန်တစ်ကောင်မှာ သဲအိတ် ဘန်ကာအောက်သို့ ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လဲကျသွားတာလား အတည်မပြုနိုင်ပါ”ဟု Phoenix အထူးပြောက်ကျားတပ်က ဆိုသည်။

ယမန်နေ့ညတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးသည်မှာ သေချာပြီး ကျန်တစ်ဦးမှာ သေဆုံးသွားခြင်းဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

JMPDF နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူကိုအနိုင်ကျင့်သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်းလည်း ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။