Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် PDFများက လုံခြုံရေးယူပြီး NUG ထောက်ခံပွဲကျင်းပ

ဓာတ်ပုံ - Myaung Union Army

ဒေသခံပြည်သူများက အောင်သပြေပန်းနှင့်ကြိုဆို

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များက လုံခြုံရေးယူပေးပြီး အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကြိုဆိုထောက်ခံပွဲ ကျင်းပရာ ​ဒေသခံ ပြည်သူများက အောင်သပြေပန်းနှင့် ကြိုဆိုခဲ့ကြသည်။

တရားမျှတပြီးလွတ်လပ်သော နိုင်ငံတော်ကြီးကိုပုံဖော်ပေးနိုင်ရန်အတွက် ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် NUG အစိုးရအား ကြိုဆိုထောက်ခံပြီး ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ပေးစေလိုသော ရည်ရွယ်ချက်ဖြင့် NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သပိတ် ချီတက်ဆန္ဒပြခြင်းတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ဝန်းရံမှုဖြင့်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – Myaung Union Army

အဆိုပါ NUG ထောက်ခံပွဲ အောင်မြင်စွာကျင်းပနိုင်ရန်ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် Myaung Union Army ၊ CDSOM ၊ PDF TALOKE ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ MGN GANGER ၊ YFPDF ၊ စွန်ရဲအဖွဲ့၊ ပြောက်ကျားလင်းယုန် ၊ ဗိုလ်ကျားသစ် နှင့် GGG စသည့် မြောင်မြို့နယ် အခြေစိုက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးလိုက်ပါပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။