Connect with us

Hi, what are you looking for?

News

ဟုမ္မလင်း PDF၏ပထမဆုံးတိုက်ပွဲ စစ်​ကောင်စီတပ်သား၅ ဦးထက်မနည်း​သေဆုံးနိုင်ဟုထုတ်ပြန်

“ကျွန်တော်တို့က အရင်ကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ အဖွဲ့တွေကို စုစည်းပြီးဟုမ္မလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ကတော့ဒီနေ့မှစတိုက်တာ”ဟု ဟုမ္မလင်းPDF ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်သည့် ဟုမ္မလင်းPDF၏ ပွဲဦးထွက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား (၅)ဦးထက်မနည်း သေဆုံးပြီး PDFများ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့​ကြောင်း ဟုမ္မလင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (HPDF) ကကြေညာသည်။

ဟုမ္မလင်းPDF၏ ပွဲဦးထွက်တိုက်ပွဲကို ဟုမ္မလင်းမြို့နယ်၊ နမ်ပတ်ကား ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြင့် ယနေ့(ဇန်နဝါရီ ၁၈ရက်) စတင်လိုက်ခြင်းဖြစ်သည်။ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သား (၅)ဦးထက်မနည်း သေဆုံးနိုင်ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“ကျွန်တော်တို့က အရင်ကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ အဖွဲ့တွေကို စုစည်းပြီးဟုမ္မလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ကတော့ဒီနေ့မှစတိုက်တာ”ဟု ဟုမ္မလင်းPDF ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ဦးဆောင်မှုအောက်တွင် စနစ်တကျ ရပ်တည်သွားမည်ဟုလည်း သတင်းစကားပါးသည်။စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းကို စတင်လိုက်ပြီ ဖြစ်၍ ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားသွားလာနေကြသော ပြည်သူများအနေဖြင့်

Public Service Announcement

Public Service Announcement

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ကားများ၊ ဆိုင်ကယ်များ၊ စစ်ကြောင်းများအား တွေ့ရှိပါက အဝေးမှ ရှောင်ရှားသွားလာကြပါရန်

၂။ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သော ရဲစခန်း၊ အုပ်ချုပ်ရေးရုံးများ၊ စစ်တပ်စခန်းချရာနေရာများ အတတ်နိုင်ဆုံး ရှောင်ရှားနေထိုင်ကြပါရန်

၃။ ဟုမ္မလင်းမြို့နယ်အတွင်း အားဖြင့် ခရီးသွားလာပါက ကားမှန်ချ၍ သွားလာကြပါရန်၊

၄။ ဟုမ္မလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တောင်စီ၏ လှုပ်ရှားသွားလာမှုများကို အတတ်နိုင်ဆုံး စောင့်ကြည့်၍ ကျွန်ုပ်တို့တပ်ဖွဲ့ထံ သတင်းပေးပို့ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟုလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာနက ပြည်သူများကိုတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။