Connect with us

Hi, what are you looking for?

News

သောင်ရင်းမြစ်​ဘေးက စစ်​ဘေး​ရှောင် တစ်​ထောင်ဝန်းကျင်အတွက်အကူညီ​တွေ လိုအပ်​နေ

စစ်ရေးပဋိပက္ခကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးရတာတွေရှိနေသလို မြန်မာဘက်ခြမ်းက တောတောင်တွေနဲ့ သောင်းရင်းမြစ်ကမ်းနံဘေးတစ်လျှောက်မှာလည်း ထွက်ပြေးခိုလှုံနေထိုင်နေရတာ ဖြစ်ပါတယ်။

လေးကေကော်တိုက်ပွဲကြောင့် မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်မှာ စစ်​ဘေး​ရှောင်နေရတဲ့ ပြည်သူ တစ်​ထောင် ဝန်းကျင်အတွက် အကူအညီလိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်သာမက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

စစ်ရေးပဋိပက္ခကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးရတာတွေရှိနေသလို မြန်မာဘက်ခြမ်းက တောတောင်တွေနဲ့ သောင်းရင်းမြစ်ကမ်းနံဘေးတစ်လျှောက်မှာလည်း ထွက်ပြေးခိုလှုံနေထိုင်နေရတာ ဖြစ်ပါတယ်။

ထိုင်း- မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ တစ်​ထောင် ဝန်းကျင်ခန့်ရှိနေပြီး သူတို့တွေကို အဖွဲ့အစည်းပေါင်းစုံက ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လိုအပ်ချက်ကတော့ ရှိနေတုန်းပဲလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အထူးသဖြင့် တာလပတ်၊ စောင်၊ ဖျာတို့ အခြေခံစားနပ်ရိက္ခာတို့ အဲ့ဒါတွေတော့သွားပို့တယ်။ ဒါပေမဲ့ လောလောဆယ်တော့ လိုအပ်မှုတွေရှိနေသေးတယ်။ မိုးကထပ်ရွာနေတယ်လေ ညတုန်းက။ နည်းနည်းတော့ ဒုက္ခရောက်တာမျိုးတွေတော့ ရှိသေးတယ်။ ကျန်းမားရေးက လောလောဆယ် အထွေအထူးတော့ ကြားသိရတာမျိုးတော့ မရှိဘူး။ ဖျားနာမှုမျိုးပေါ့ ကိုက်ခဲ အဲ့ဒါတွေတော့ရှိမယ်။ ဆိုးဆိုးဝါးဝါး ဥပမာ-ငှက်ဖျားတို့ ဝမ်းလျှောတို့ အဲ့ဒါမျိုးတော့ လောလောဆယ်ဆယ်တော့ ကြားသိရမရှိသေးဘူး။ သို့ဖြစ်သော်ငြားလည်းပဲ လူထောင်ချီရှိတဲ့ နေရာမှာရေရှည်ဆိုလို့ရှိရင်တော့ ဒါကျန်းမာရေးအတွက်တော့ မကောင်းဘူးပေါ့” လို့ စောနန္ဒဆူးက ပြောပါတယ်။

လက်ရှိ လေးကေကော်ဒေသအပါအဝင် ထီးမယ်ဝါးခီး ဖလူး မယ်ထော်သလေး စတဲ့ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်ရေးအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေလို့ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်သေးတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကို ပြန်နိုင်ကြပြီလို့ စစ်ကောင်စီဘက်ကတော့ ပြောနေကြပေမယ့် နေရပ်ပြန်သူအနည်းငယ်သာရှိခဲ့ပြီး အများစုကတော့ နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသအပြင် ကော့ကရိတ်မြို့နယ်ဘက်မှာလည်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူဦးရေ ၅၀၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာတွေ လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီကနေ သိရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။