Connect with us

Hi, what are you looking for?

News

ဆီးဂိမ်းသွားပြိုင်ဖို့​လေ့ကျင့်​နေတဲ့ ကာယဗလ​မောင်မ​တော်တဆအ​လေးပိမိပြီး ​သေဆုံး

ကွယ်လွန်သွားသည့် အားကစားသမားမှာ မြန်မာ့လက်ရွေးစင် ကာလဗလမောင် မိုးဆွေဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည်။

ဆီးဂိမ်း ကာယဗလ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်ရန် လေကျင့်နေသည့် အားကစားသမားတစ်ဦး အလေးပိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယ​နေ့ ဇန်နဝါရီ ၁၉ ရက်က မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်ဝင်းအတွင်း ပြိုင်ပွဲအတွက်လေ့ကျင့်နေစဥ် မတော်တဆအလေးပိသေဆုံးသွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ဖို့မြေရပ်ကွက် မိသားစု လူမှုကူညီရေးနှင့် ပရဟိတအသင်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ကွယ်လွန်သွားသည့် အားကစားသမားမှာ မြန်မာ့လက်ရွေးစင် ကာလဗလမောင် မိုးဆွေဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည်။

“အဓိက ကတော့ အလေးကစားရင်းနဲ့ အလေးဝန်များတာကို ပြန်မတွန်းနိုင်တဲ့အခါ ရင်ဘတ်ပေါ်ကျတာကို ရုန်းထွက်ရင်း လည်ပင်းပေါ်ကိုရောက်သွားတယ်။ လည်ပင်းရိုးကျိုးသွားတယ်လို့တော့ ဆရာတွေက ယူဆပြီးပြောတယ်။ ဖြစ်တဲ့အချိန် ဘယ်သူမှမရှိဘူး။ သူအလုပ်အားတဲ့ အချိန်ဆော့တာလည်းဖြစ်မှာပေါ့” ဟု ကွယ်လွန်သူနှင့်ရင်းနှီသည့် ကာယဗလအားကစားသမားတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မိုးဆွေသည် ၂၀၁၇ တွင် မြန်မာ့လက်ရွေးစင်အဖြစ် ကမ္ဘောဒီးယား၌ စတင်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ဆုတံဆိပ်များရရှိထားသူဖြစ်သည်ဟု ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။